p
ရှာမယ်..Search This Blog
Thursday, 6 December 2012
ဘာလဲ အချစ်ဆိုတာ.....?
ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကိုကြည့်ပြီး သူစကားတွေ ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကိုကြည့်ပြီး “ပင်လယ်... ငါမှာဖြင့် နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့” လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
“ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား?”
“ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ”
“ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား”
“ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်”
သူ့စကားကိုလည်းကြားရော ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို ဖြည်းဖြည်းချင်း ချည်းကပ်လာခဲ့တယ်။ လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ အဲဒီလူဟာ ကြောက်လန့်ပြီး ထွက်ပြေးပါတော့တယ်။ ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။
အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကိုချစ်တဲ့လူ နောက်တစ်ယောက် ထပ်ရောက်လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
“ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ”
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။ အဲဒီလူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့ နောက်ဆုံးမှာ ပင်လယ်က “ ငါ့အချစ်တွေကို နင်တကယ်ယူမလား!...ငါ့အချစ်က ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား!”လို့ပြောတယ်။
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး ယုံကြည်မှုအပြည့်နဲ့ “ လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ” လို့ ပြောတယ်။ ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို ဖြည်းဖြည်းချင်း ချည်းကပ်သွားတယ်။ လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ ပွေ့ဖက်လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ “ သူဟာ အချစ်ကို နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ.. လူကိုမထိခိုက် မနာကျင်စေဘူးလေ” လို့ တကိုယ်တည်း ပြောနေခဲ့တယ်။
အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာကြာတော့ တစ်နေ့မှာ သူက “ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်.... လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တခြား အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား!... ငါသွားတော့မယ်” ဆိုပြီး ပင်လယ်ကို ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်းစိတ်ထိခိုက်ပေမယ့်လည်း သူ့ကို မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...!
“ မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့မထိုက်တန်ပါဘူး... ငါသိတယ်” တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။
“ နင့်သိတယ်!..နင်ဘာကို သိတာလဲ?” ပင်လယ်က တိမ်ကို တအံ့တသြ ပြန်မေးတယ်။
“သူတို့က နင့်ရဲ့အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ... နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ်ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့ အဖိုးတန် အလှအပရှုခင်းတွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ်ဆိုတာကို သူတို့ခံစားမိကြရမှာပေါ့”
တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေမချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ် ပင်လယ်ကိုမချစ်တတ်ခဲ့တဲ့ လူလား....?
ကိုယ်ဟာပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေမတွေ့မမြင်၊ မခံစားမိတဲ့ လှပတဲ့အတွင်းစိတ်ရှိပါတယ်။
ပင်လယ်ကိုမချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင် ပင်လယ်အောက်(အတွင်းစိတ်)က အလှအပတွေကို မြင်အောင်ကြည့်တတ်ဖို့ ကိုယ်အရည်အချင်း မရှိခဲ့လို့ပါပဲ။
အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကိုနားလည်ပေးတတ်တဲ့လူကို ရှာရမယ်တဲ့။ အဲဒီလူက ခြောက်ပစ်တော့ မကင်းနိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။
တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့စကား မပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှားကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ
တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွှတ်ခြင်းတွေပါရတယ်၊ အကြင်နာတွေ ရှိရတယ်။
ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ရာ ခက်ကောင်းခက်လိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရတယ်။
ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့ကိုအရင်ဆုံးနားလည်ပေးပြီး သူနားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံးလုပ်ရလိမ့်မယ်။
Subscribe to:
Post Comments (Atom)
Blog Archiveနောက်ဆုံးတင်သမျှ
-
▼
2012
(153)
-
▼
December
(93)
- မင်းရင်ခွင်
- အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ
- ချစ်လျှက်နဲ့ဝေးရပေမယ့် ငါတို့ဆက်ချစ်နေကြမယ်
- မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့
- “မ” ကတော့ယုံချင်မှယုံမှာ
- အချစ်ကိုမျှော်လင့်
- ယုံကြည်ပါချစ်သူ
- မျှော်လင့်သူ
- မမေ့သေးသောနွေ..............
- ချစ်သူထံရင်ဖွင့်စာ
- မိုး
- အလွမ်း
- ပြန်ကာချစ်ပါသူငယ်ချင်း
- ကဗျာမတတ်သူ
- လှမ်းလင့်မယ့် လက်တစ်စုံ
- အချစ်ဆိုတာ......
- အခြားအမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့သည်
- မင်းကိုလွမ်းတဲ့ ည
- ဘဝ
- တကယ်လို့ တစ်နေ့နေ့မှာ.....
- အချစ်ဆိုတာ...........
- အားနည်းချက်မှ အားသာချက်သို့
- စိတ်ဖိအားဖြည်လျော့နည်း (၁ဝ)နည်း
- ယောက်ျားများကြောက်သော မိန်းမ
- မောင်
- အချစ်အကြောင်
- ပြောမထွက်ဖြစ်ခဲ့တဲ့ အချစ်
- Dandelion လို့ခေါ်တဲ့ တောရိုင်းပန်း
- အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသ...
- လုံးဝဇွဲမလျော့တဲ့ လင်ကွန်း
- ဘာလဲ အချစ်ဆိုတာ.....?
- Cupid and Psyche
- ကြွက်ကလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်
- မေမေ... သားရှာနေတာကြာလှပြီ!
- အင်တာနက်ပေါ်က "အချစ်"
- ယောက်ျားမိန်းမတို့ရဲ့ ကမ္ဘာ့မြေပုံ
- သဘောထားပြည့်ဝတယ်ဆိုတာ..
- စီးကရက်နံ့
- ကံကောင်းခြင်း ဒဿန
- ပုံပြင်လေးတွေ ပြောကြမယ်
- BF ဆိုတာဘာလဲ?
- ကျောင်းသင်ခန်းစာမှာ မသင်တဲ့အရာ
- စိတ်ကောက်လို့ရေးတဲ့စာ
- ညီအစ်ကိုမောင်နှစ်.မများဖတ်.ဖို.
- စိတ်ချမ်းသာမှုကို ပွေ့ဖက်ပါ
- အကောင်းဆုံး လက်ဆောင်
- လူ့ဘဝကို အရသာခံခြင်း
- အချစ်
- ကွက်လပ်
- ဘီလ်ဂိတ်ပြောတဲ့ ဘဝ(၁၁)ခု
- အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်
- ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ
- အချစ် ဝေဖန်ရေးဆရာ
- သင်ဟာ ဘယ်လိုသူငယ်ချင်းမျိုးလဲ?
- သင်ဟာ ဘယ်လိုချစ်သူမျိုးလဲ?
- အသံမဲ့ ချစ်ခြင်းမေတ္တာ
- ပျော်ရွှင်ခြင်း ဘယ်ဆီမှာ..?
- အောင်မြင်သူတို့၏ နောက်ကွယ်၌
- ဒေါသစိတ်ကို ဘယ်လိုထိန်းချုပ်မလဲ?
- မိုက်ကယ်ဂျက်ဆင် (သို့) အထင်လွဲမှုအခံရဆုံး အဆိုတော်
- အချစ်ရဲ့ဒိတ်လွန်နေ့စွဲ
- လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး
- Halloween
- ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်း
- ရင့်ကျက်တယ်ဆိုတာ......
- သားသမီးတွေနဲ့ နှစ်ဘယ်လောက်ကြာ အတူနေရမလဲ?
- လိပ်ပြာငယ်
- မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း
- နောက်ဆုံးသစ်ရွက်လေး
- ပျော်ရွှင်ခြင်း ဘယ်ဆီမှာ!
- နှလုံးသား ဝန်ဆောင်မှု
- ဘဝကို ပြောင်းလဲခဲ့တဲ့ လက်ဆောင်
- တစ်သက်တာအတွက် ခရစ္စမတ်လက်ဆောင်
- ခရစ္စမတ် သစ်ပင်
- ခရစ္စမတ်လက်ဆောင် ခြေအိတ်တစ်စုံ
- တုန့်ပြန်မှုကို မျှော်လင့်သူ... အမေ
- အမေ(၃)ယောက်ရဲ့ ပုံပြင်
- ချောကလက် ဘာကြောင့်ဖြစ်?
- တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ
- စိတ်၏ အကွာအဝေး
- Don't worry..... be happy
- သင်းကွပ်ကြက်
- မိဆိုးနှင့် သင်္ကြန်များ
- လက်ချောင်းလေးတွေပေါ်က လက်စွပ်များ
- အိပ်မက်ထဲက ဝိညာဉ်ချစ်သူ
- အမှောင်လွန်ပြီး မိုးလင်းခဲ့သော်...
- လွန်ခဲ့တဲ့(၁ဝ)နှစ်နဲ့ (၁ဝ)နှစ်နောက်ပိုင်း
- အသက် ၂၄နှစ်ပြည့် ညီအကိုမောင်နှစ်.မများအတွက်.
- ကောင်မလေးရေ
- ချစ်သူ
- ♥♥♥♥ချစ်လို့  အရှုံးပေးခဲ့တာ♥♥♥♥
- နင်းရဲ့ရင်ခွင်ထဲမှာလည်း မှေးစက်ချင်တယ်
- """လမင်းနဲ့ သစ်ပင်"""
-
▼
December
(93)
No comments:
Post a Comment