p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 2 December 2012

ချစ်သူ


ချစ်သူ …


ငါဟာ ပန်းလေးတပွင့်ပဲဆိုပါတော့..လိပ်

ပြာလေးတွေကမေးကြတယ်….
မင်းမှာချစ်သူအများကြီးရှိလားတဲ့…..
ငါကလဲပြန်ပြောလိုက်ပါတယ်……ချစ်သူအများကြီးမရှိပါဘူး…..
ရှိခဲ့ဖူးတဲ့တစ်ယောက်ကိုတော့….အများကြီးချစ်ခဲ့ပါတယ်လို့………

ချစ်သူမင်းငါ့ကို
မချစ်လည်း
နေလို့ရပါတယ်
ချစ်သူမင်းငါ့ကို
ခွဲခွာသွာလည်း
နေလို့ရပါတယ်



ဒါပေမဲ့
မင်းကို မုန်းမေ့ဖို့ 
မချစ်ဖို့ဆိုတာတော့
ဘယ်လိုမှမဖြစ်နိုင်လို့ပါ
ချစ်သူ…..


အရာရာကို ပေါ့ပျက်ပျက် တွေးတတ်တဲ့
ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအတွက်
လေးနက်ခြင်းဆိုတာတွေ
ရှိနေတတ်ပြီ ချစ်သူ …


အမြဲပျော်ပျော်နေတတ်တဲ့
ကောင်မလေးတယောက်
မင်းကိုလွမ်းစိတ်နဲ့ 
တိတ်တဆိတ် ကြေကွဲနေတတ်ပြီ
ချစ်သူ…


အရာရာကို တစ်ဇွတ်ထိုး
အနိုင်ယူတတ်တဲ့ ကောင်မလေး
မင်းနဲ့ကျမှ
ရှုံးနိမ့်နေရပြီဆိုတာ
မင်းသိရဲ့လား…..


ငါ့အတွက်ကတော့
မင်းကိုချစ်မိတဲ့အတွက်
အသဲကွဲဒဏ်ရာများစွာကို
ကျေနပ်စွာ ခံယူရင်း.
မှောင်မိုက်တဲ့ အခန်းလေးထဲမှာ
ရှေ့ဆက် လွမ်းနေရအုံးမယ်
ချစ်သူရေ…

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ