p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 2 December 2012

ခရစ္စမတ် သစ်ပင်


ခရစ္စမတ်ရာသီရောက်ရင် ခရစ္စမတ်သစ်ပင်ကို နေရာအနှံ့တွေ့ကြရတယ်။ ခရစ္စမတ်ပွဲတော်ကို အလေးအမြတ်ထားကြတဲ့ အနောက်နိုင်ငံမှာ လူနေအိမ် ဒါမှမဟုတ် လမ်းတွေ၊ Public places တွေမှာ အရောင်မျိုးစုံနဲ့ တစ်ပင်လုံးချိတ်ဆွဲထားတဲ့ ခရစ္စမတ်သစ်ပင်တွေကို တွေ့ကြရတယ်။ အခုခေတ်မှာ ခရစ္စမတ်ပွဲတော်ကို နေရာအနှံ့ ကျင်းပကြသလို ခရစ္စမတ်သစ်ပင်ကိုလည်း နေရာအနှံ့ တွေ့နိုင်ပါပြီ။ ဒီလို သစ်ပင်ပေါ် ရောင်စုံပစ္စည်းတွေချိတ်ဆွဲပြီး အလှဆင်တဲ့ ခရစ္စမတ်သစ်ပင်ကို ဂျာမဏီနိုင်ငံက စခဲ့တယ်လို့ ဆိုပါတယ်။

မှတ်တမ်းအရ သက္ကရာဇ် ၁၅ဝဝ ခုနှစ်ရဲ့ တစ်ခုသောဆောင်းတွင်းညမှာ ခရစ်ယန်ဂိုဏ်းဝင်တစ်ဦးဖြစ်သူ Martin Lutherဟာ အိမ်အပြန်လမ်းမှာ သစ်ပင်ထက်က ကြယ်လေးတွေကို သတိထားကြည့်မိခဲ့တယ်။ သစ်ပင်ထက်မှာ တိမ်ဖြူဖြူရယ်၊ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေနဲ့ လှပနေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး ဘုရားသခင် Jesus မမွေးဖွားခင် ညက ကောင်းကင်ကြီးနဲ့ တူနေတာကို သူတွေ့လိုက်တယ်။

အဲဒီနောက် Martin Luther ဟာ အိမ်ပြန်ရောက်ပြီး ကလေးတွေကို ခရစ္စမတ်ပုံပြင်တွေ ပြောပြရင်း တစ်ဖက်မှာလည်း လမ်းမှာ သူတွေ့ခဲ့တဲ့ အလှအတိုင်း သစ်ပင်တစ်ပင်ကို ဖယောင်းတိုင်တွေနဲ့ ထွန်းညှိ အလှဆင်ခဲ့တယ်။ မကြာခင်မှာပဲ သူ့ရဲ့ အဲဒီလို သစ်ပင်ပေါ် အလှဆင်တဲ့ဓလေ့က ဂျာမဏီနိုင်ငံမှာ ခေတ်စားလာခဲ့တယ်။

၁၉ ရာစုနှစ်လယ်မှာ အင်္ဂလန်ဘုရင်မကြီး ဝီတိုရိယရဲ့ ကြင်ယာတော် Prince Albert (ဂျာမဏီနိုင်ငံတွင် ဖွားမြင်ခဲ့သူ) က ဒီဓလေ့ကို အင်္ဂလန်အထိ သယ်လာခဲ့တယ်။ လင်တော်မောင် Prince Albert နဲ့ ဝီတိုရိယ ဘုရင်မကို ပြည်သူအများက ချစ်ခင်လေးစားကြတဲ့အတွက် သစ်ပင်ကို အလှဆင်တဲ့ ခရစ္စမတ်သစ်ပင်က အင်္ဂလန်နိုင်ငံတစ်ခုလုံး တခဏချင်း ပြန့်နှံ့သွားခဲ့တယ်။

အရင်က အမေရိကန် နေရာတော်တော်များများမှာ ခရစ္စမတ်ပွဲ မကျင်းပရဘူးလို့ ဆိုပါတယ်။ ကျင်းပရင် အပြစ်ပေး ခံရတတ်ပါတယ်။ အကြောင်းက ခရစ္စမတ်ပွဲတော်ဟာ ဘာသာခြား၊ နယ်ခြားက စတင်ခဲ့လို့လို ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်ကို ပြောင်းရွေ့လာကြတဲ့ ဂျာမဏီနဲ့ အိုင်ယာလန် လူမျိုးတို့ ပြုလုပ်တဲ့ ခရစ္စမတ်ဓလေ့၊ ခရစ္စမတ်သစ်ပင်ကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့ရတယ်။

လျှပ်စစ်မီးတွေ အသုံးများလာပြီးနောက် အမေရိကန် နေရာတော်တော်များများမှာ အပင်ကြီးတွေအပေါ် ရောင်စုံမီးတွေနဲ့ အလှဆင်ထားကြတဲ့ ခရစ္စမတ်သစ်ပင်ကို ခရစ္စမတ်ရောက်တိုင်း နေရာအနှံ့ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ခရစ္စမတ်သစ်ပင်အကြောင်း အကျယ့်တဝင့်ဖတ်ချင်ရင်
http://en.wikipedia.org/wiki/Christmas_tree မှာ ဖတ်နိုင်ပါသေးတယ်။


No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ