p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 10 December 2012

Dandelion လို့ခေါ်တဲ့ တောရိုင်းပန်း



Dandelion = ဥရောပတွင်ပေါက်သော တောပန်းတစ်မျိုး (နေကြာပန်းနှင့် တူသည်) တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်

Dandelion လို့ခေါ်တဲ့ တောရိုင်းပန်းလေးတစ်ပွင့်က ကောင်းကင်ကြီးကို မောကြည့်ပြီး "ဝါး... ကောင်းကင်ကြီးက ပြာလဲ့ပြီး အပြောကျယ်လိုက်တာ.. ကောင်းကင်ပေါ်အထိ ပျံသန်းဖို့ ကျွန်တော်တို့ အခွင့်အရေး ရှိပါ့မလား?" လို့ မေးခဲ့တယ်။


တောရိုင်းပန်းမေမေက "ရှိတာပေါ့.. မြန်မြန်ကြီးပြင်းကြပြီး လေနဲ့အတူ ပျံသန်းသွားနိုင်ပြီ" လို့ ပြောတယ်။

"ဒီလိုဆိုရင် ကျွန်တော်တို့ နေရာအနှံ့ ကြည့်လို့ရပြီနော်.. သိပ်ကောင်းတာပဲ"

တောရိုင်းပန်းလေးတွေဟာ လေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဘယ်ညာယိမ်းယိုင်လို့ မြန်မြန်ကြီးပြင်းလာဖို့ကို မျှော်လင့်နေခဲ့ကြတယ်။

ဆောင်းဦးရောက်တာနဲ့ တောရိုင်းပန်းလေးတွေဟာ အဝါရောင် ပန်းပွင့်လေးကနေ အဖြူရောင် ဂွမ်းစလေးအသွင် ပြောင်းကုန်ကြတယ်။ သူတို့ ပျံသန်းဖို့ အချိန်ကျရောက်ခဲ့ပါပြီ။ တောရိုင်းပန်းမေမေက အပြုံးလေးနဲ့ ဘယ်လိုလေလာရင် ဘယ်လိုလေဟုန်စီးပြီး ဘယ်လိုပျံသန်းကြရမယ်၊ ဘယ်နေရာမှာ နားခိုရမယ်။ ပြီးတော့ ဘယ်သွားမယ်ဆိုတာကို ကိုယ်တိုင်ရှာဖွေဖို့ မှာခဲ့တယ်။

ဒါပေမယ့် ဂွမ်းစဝတ်ဆံလေးတစ်ခုက မခွါချင်ခဲ့ဘူး။

"ဘာဖြစ်လို့ လေလာတာနဲ့ ကျွန်တော်တို့ Dandelion တောရိုင်းပန်းတွေက ပျံသန်းကြရသလဲ? ကျွန်တော်တို့ ဒီနေရာမှာ ခဏနေခွင့်မရှိဘူးလား?" လို့ မေးခဲ့တယ်။

"နေခွင့်မရှိဘူး... သားတို့ရဲ့ လှုပ်ရှားမှုကို လေက ဦးဆောင်သွားလိမ့်မယ်။ လေမရှိခဲ့ရင် Dandelion ပန်းတွေဟာ ဘယ်တော့မှ တစ်ခြားနေရာကို မရောက်နိုင်တော့ဘူး။ ချောင်းဘေး၊ မြောင်းဘေး၊ သစ်ပင်အောက်၊ လမ်းတစ်လျှောက် နောက်ပြီး ဟိုးအမြင့် တောင်ပေါ်တွေအထိ၊ တောတောင်တွေအထိ လေကခေါ်ဆောင်သွားလိမ့်မယ်။ လေနဲ့အတူ ပင်လယ်ပြင်ကိုတောင် ဖြတ်ကျော်နိုင်တယ်။

လေက မေမေတို့တောရိုင်းပန်းရဲ့ မာလိန်မှူးဖြစ်တယ်။ ကိုယ်ဘယ်နေရာမှာ ကျခဲ့ရင် ဘယ်နေရာမှာ ရှင်သန်ရမယ်။ နယ်မြေစိမ်းတာကို မကြောက်နဲ့၊ တစ်ယောက်တည်း အထီးကျန်နေမှာကို မကြောက်နဲ့၊ သားတို့၊ သမီးတို့ဆီမှာ Dandelion ပန်းလေးတွေ အများကြီး ဖူးပွင့်စေနိုင်တဲ့ အရည်အချင်းရှိကြတယ်။ အဲဒီပန်းကနေတစ်ဆင့် ဂွမ်းဝတ်ဆံလေးတွေ အများကြီးဖြစ်လာမယ်။ နောက် ဝတ်ဆံတွေကို အဝေးဆုံးနဲ့ အများဆုံး နေရာအနှံ့ ပြန့်နှံ့ပျံသန်းစေမယ်။ တကယ်လို့ ဒီက မခွါချင်ရင် ဘယ်က သူငယ်ချင်းအသစ်တွေ ရှိလာနိုင်မလဲ? "

"မေမေ ပြောတာ မှန်တယ်နော်.. ဒီလိုဆိုရင် ပျံသန်းကြရအောင်"

လူတိုင်းကလဲ Dandelion တောရိုင်းပန်းလေးလိုပဲ လေနဲ့အတူ ရွက်လွှင့်ကြရင်း နုပျိုခြင်း၊ အင်အား၊ မျှော်လင့်ချက်၊ ချစ်ခြင်းမေတ္တာ စတာတွေနဲ့ နေရာအနှံ့ပျံသန်းကြတယ်။ မတူတဲ့နေရာ၊ မတူတဲ့ဒေသမှာ ဆင်းသက်နားခိုခဲ့ကြတယ်။

လူ့ဘဝရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအရာတစ်ခုက နောက်ခြေတစ်လှမ်းမှာ ကိုယ် ဘာဖြစ်မယ်ဆိုတာကို မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာကြောင့်ပဲ။ အဲဒီ လျှို့ဝှက်ချက်က ပျော်စရာလည်းဖြစ်နိုင်တယ်၊ စိတ်ညစ်စရာ၊ နာကျင်စရာ၊ စိတ်ဓာတ်ကျစရာတွေလည်း ဖြစ်နိုင်တယ်။ ကိုယ့်ကိုတွန်းတဲ့၊ ပိတ်ဆို့တဲ့လူတွေရှိနိုင်သလို တွဲခေါ်၊ အားပေးတဲ့သူငယ်ချင်းတွေနဲ့လည်း ကြုံလာနိုင်တယ်။ ဘယ်လိုပဲ ကြုံကြိုက်လာပါစေ... မကြောက်ပါနဲ့... လေဟုန်ခို ရွက်လွှင့်ပြီး ကိုယ်ကျရောက်တဲ့နေရာမှာ ရှင်သန်ကြီးထွားဖို့ ကြိုးစားလိုက်ပါ...

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ