p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 3 December 2012

ပျော်ရွှင်ခြင်း ဘယ်ဆီမှာ!


တစ်ခါက ရာဇဝင်ပုံပြင်တစ်ခုမှာ နတ်မင်းကြီးဟာ နတ်အဖွဲ့သားတွေနဲ့ အစည်းအဝေးလုပ်သတဲ့။

နတ်မင်းကြီး
"လူတွေ ကြိုးစားပမ်းစားရှာဖွေမှ ပျော်ရွှင်ခြင်းကို တွေ့နိုင်ဖို့ ငါတို့လုပ်ရမယ်။ လူတွေအတွက် ပျော်ရွှင်ခြင်းကို ဘယ်နေရာမှာ ဝှက်ထားရင် ကောင်းမလဲ?"

နတ်သားတစ်ပါး
"လူတွေ ကြိုးစားအားထုတ်ပြီးမှတွေ့နိုင်အောင် အလွယ်တကူမမြင်နိုင်တဲ့ တောင်အမြင့်ကြီးပေါ်မှာ ဝှက်ထားပါ"

နတ်သားရဲ့အကြံကို နတ်မင်းကြီး ခေါင်းခါတယ်။

တခြားနတ်သားတစ်ပါး
"လူတွေ အလွယ်တကူမတွေ့နိုင်အောင် ပင်လယ်ရေအောက်မှာ ဝှက်ထားပါ"

နတ်သားရဲ့အကြံကို နတ်မင်းကြီး ခေါင်းခါတယ်။

နောက်ထပ်နတ်သားတစ်ပါး
"ဒီလိုလုပ်ပါလား! ပျော်ရွှင်ခြင်းကို လူတွေရဲ့ရင်ဘတ်ထဲဝှက်ထားတာ အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ ပျော်ရွှင်ဖို့အတွက် ပြင်ပက အပျော်ကိုပဲရှာတတ်ပြီး ပျော်ရွှင်ခြင်းကို သူတို့ရင်ဘတ်ထဲမှာလည်း တူးဆွနိုင်ကြောင်း ဘယ်တော့မှ မတွေးမိကြလို့ပါပဲ"

နတ်သားရဲ့အကြံကို နတ်မင်းကြီး ခေါင်းညိတ်ထောက်ခံလိုက်ပြီး ပျော်ရွှင်ခြင်းကို လူတွေရဲ့ရင်ဘတ်ထဲ ထည့်ဝှက်ထားလိုက်တော့တယ်။

ဒီနေ့ သင်မပျော်ဘူးလား! သင့်ရင်ဘတ်ထဲ ထည့်ဝှက်ထားတဲ့ ပျော်ရွှင်ခြင်းကို တူးဆွလိုက်ပါ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ