p
ရှာမယ်..Search This Blog
Monday, 3 December 2012
သင်ဟာ ဘယ်လိုချစ်သူမျိုးလဲ?
ချစ်သူနဲ့ချိန်းထားတဲ့တစ်နေ့ ချစ်သူက (၃)နာရီနောက်ကျတဲ့အခါ သင်ဘာလုပ်မလဲ?
(၁) ဆက်မစောင့်ဘဲ လှည့်ထွက်ခဲ့မယ်
သင်ဟာ စိတ်အပြောင်းအလဲ မြန်တဲ့ချစ်သူဖြစ်တယ်။ ချစ်သူသက်တမ်းတစ်လျှောက်မှာ များသောအားဖြင့် အကျိုးအကြောင်း သေချာမသိဘဲ စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်တယ်။ နောင်ပြဿနာ နောင်မှရှင်းဆိုသလို သိပ်မတွေးတောဘဲ ဇွတ်လုပ်တတ်သူ၊ ခံစားလွယ်သူဖြစ်တယ်။ ဒါပေမယ့် ဒီလိုချစ်သူမျိုးက စိတ်တိုဒေါသထွက်လည်း ခဏပါပဲ။ ဖြစ်ပြီးသမျှကိုလည်း အစပြန်စပြီး ပြဿနာ မရှာတတ်သူဖြစ်တယ်။ ဦးနှောက်သိပ်စားစရာမလိုတဲ့ ချစ်သူမျိုးဖြစ်ပါတယ်။
(၂) မလာမချင်းစောင့်မယ်
ချစ်သူ လာလာ မလာလာ မလာမချင်းစောင့်နေတတ်သူက အချစ်အတွက် မျက်ကန်းဆန်တဲ့အတွေးမျိုး ရှိတတ်သူဖြစ်တယ်။ ဒီလိုချစ်သူမျိုးက တခြားလူအပေါ် သံသယစိတ်နည်းတတ်တာကြောင့် ကိုယ့်ချစ်သူကို သံသယဖြစ်ဖို့ ပိုပြီးလုံးဝမတွေးသူဖြစ်တယ်။ ဘယ်အရာမဆို အကောင်းဘက်က တွေးတောတတ်သူဖြစ်တယ်။ ချစ်သူရဲ့စကားမာယာထဲ အဝင်ခံသူမဟုတ်ပေမယ့် ချစ်သူဘာပြောပြော ယုံတတ်သူဖြစ်တယ်။ ဒီလိုချစ်သူမျိုးက အချစ်ကိုကိုးကွယ်သူလို့ ဆိုနိုင်ပါတယ်။ ဒီလိုချစ်သူရဲ့ အားနည်းချက်က တခြားလူလိမ်ညာတဲ့ ထောင်ချောက်ထဲ အလွယ်တကူဆင်းသက်နိုင်ပြီး ကိုယ့်ကိုယ်အလိမ်ခံရမှန်း မသိဖြစ်တတ်ပါတယ်။
(၃) ဖုန်းမပြတ်ဆက်ပြီး ရှာမယ်
ဖုန်းမပြတ်ဆက်ပြီး ရှာတတ်တဲ့ချစ်သူရဲ့ ဦးနှောက်က နိုးကြားသူဖြစ်တယ်။ (၃)နာရီနောက်ကျတဲ့ချစ်သူကို ဘာကြောင့်မလာတာလို့ အရင်ကောက်ချက်ချတတ်သူ မဟုတ်ဘဲ ချစ်သူတစ်ခုခုဖြစ်လို့၊ အကြောင်းတစ်ခုခုကြောင့် မလာနိုင်တာလို့ ထင်တတ်တဲ့ ရင့်ကျက်တဲ့ အမျိုးအစားထဲကဖြစ်တယ်။ ဒီလိုချစ်သူမျိုးက ကိုယ့်အချစ်ကို ယုံကြည်စိတ်ချသူဖြစ်ပြီး တည်ငြိမ်တဲ့အချစ်မျိုး ပိုင်ဆိုင်သူဖြစ်တယ်။ ပြဿနာအသေးအမွှားနဲ့ ချစ်သူကို ရန်မရှာတတ်သူဖြစ်ပြီး အကျိုးအကြောင်း ဆင်ခြင်ဥာဏ်ရှိသူဖြစ်တယ်။
(၄) စာတိုတစ်စောင်ထားခဲ့ပြီး နောက်လုံးဝမဆက်သွယ်တော့ဘူး
(၃)နာရီ အချိန်ဖြုန်းပြီး စောင့်ရတဲ့ချစ်သူကို စာတိုတစ်စောင်ထားပြီး ဖြတ်လိုက်သူက စီးပွါးရေးဆန်တဲ့ ချစ်သူမျိုးဖြစ်တယ်။ ဒီလိုချစ်သူမျိုးရဲ့ အယူအဆက အချိန်ဆိုတာ အရမ်းတန်ဖိုးရှိတဲ့အရာ ချိန်းဆိုမှုတစ်ခုအတွက် (၃)နာရီအချိန်ဖြုန်းတာကို အရမ်းနစ်နာတယ်လို့ ထင်သူဖြစ်တယ်။ ဒီအဖြေကို ရွေးတတ်တဲ့ချစ်သူမျိုးက ကိုယ့်ကိုယ်လေးစားမှု(self-respect)က သူများထက် ပိုသူဖြစ်တယ်။ (၃)နာရီစောင့်ပြီး မရောက်လာတဲ့ချစ်သူဟာ ကိုယ့်ကို မလေးစားသူ၊ ကိုယ့်အပြုအမူကို အလေးမထားသူလို့ ထင်မြင်တတ်သူဖြစ်တယ်။
ကျွန်မက နံပါတ်(၃)ကို ရွေးချယ်သူပါ။ ဒါပေမယ့် ရင့်ကျက်တဲ့အမျိုးအစားလို့တော့ ပြောလို့မရဘူး။ စိတ်မရှည်တတ်သူမို့ ဖုန်းဆက်ပြီး ဘာဖြစ်လို့ဒီလောက်ကြာလဲလို့ အသံနည်းနည်းမာမာနဲ့တော့ အော်မိလိမ့်မယ်။ အဖြေတွေက မှန်သည်မှားသည်ဖြစ်စေ "အပျင်းပြေဖို့"မို့ ချင့်ချိန်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်..
Subscribe to:
Post Comments (Atom)
Blog Archiveနောက်ဆုံးတင်သမျှ
-
▼
2012
(153)
-
▼
December
(93)
- မင်းရင်ခွင်
- အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ
- ချစ်လျှက်နဲ့ဝေးရပေမယ့် ငါတို့ဆက်ချစ်နေကြမယ်
- မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့
- “မ” ကတော့ယုံချင်မှယုံမှာ
- အချစ်ကိုမျှော်လင့်
- ယုံကြည်ပါချစ်သူ
- မျှော်လင့်သူ
- မမေ့သေးသောနွေ..............
- ချစ်သူထံရင်ဖွင့်စာ
- မိုး
- အလွမ်း
- ပြန်ကာချစ်ပါသူငယ်ချင်း
- ကဗျာမတတ်သူ
- လှမ်းလင့်မယ့် လက်တစ်စုံ
- အချစ်ဆိုတာ......
- အခြားအမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့သည်
- မင်းကိုလွမ်းတဲ့ ည
- ဘဝ
- တကယ်လို့ တစ်နေ့နေ့မှာ.....
- အချစ်ဆိုတာ...........
- အားနည်းချက်မှ အားသာချက်သို့
- စိတ်ဖိအားဖြည်လျော့နည်း (၁ဝ)နည်း
- ယောက်ျားများကြောက်သော မိန်းမ
- မောင်
- အချစ်အကြောင်
- ပြောမထွက်ဖြစ်ခဲ့တဲ့ အချစ်
- Dandelion လို့ခေါ်တဲ့ တောရိုင်းပန်း
- အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသ...
- လုံးဝဇွဲမလျော့တဲ့ လင်ကွန်း
- ဘာလဲ အချစ်ဆိုတာ.....?
- Cupid and Psyche
- ကြွက်ကလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်
- မေမေ... သားရှာနေတာကြာလှပြီ!
- အင်တာနက်ပေါ်က "အချစ်"
- ယောက်ျားမိန်းမတို့ရဲ့ ကမ္ဘာ့မြေပုံ
- သဘောထားပြည့်ဝတယ်ဆိုတာ..
- စီးကရက်နံ့
- ကံကောင်းခြင်း ဒဿန
- ပုံပြင်လေးတွေ ပြောကြမယ်
- BF ဆိုတာဘာလဲ?
- ကျောင်းသင်ခန်းစာမှာ မသင်တဲ့အရာ
- စိတ်ကောက်လို့ရေးတဲ့စာ
- ညီအစ်ကိုမောင်နှစ်.မများဖတ်.ဖို.
- စိတ်ချမ်းသာမှုကို ပွေ့ဖက်ပါ
- အကောင်းဆုံး လက်ဆောင်
- လူ့ဘဝကို အရသာခံခြင်း
- အချစ်
- ကွက်လပ်
- ဘီလ်ဂိတ်ပြောတဲ့ ဘဝ(၁၁)ခု
- အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်
- ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ
- အချစ် ဝေဖန်ရေးဆရာ
- သင်ဟာ ဘယ်လိုသူငယ်ချင်းမျိုးလဲ?
- သင်ဟာ ဘယ်လိုချစ်သူမျိုးလဲ?
- အသံမဲ့ ချစ်ခြင်းမေတ္တာ
- ပျော်ရွှင်ခြင်း ဘယ်ဆီမှာ..?
- အောင်မြင်သူတို့၏ နောက်ကွယ်၌
- ဒေါသစိတ်ကို ဘယ်လိုထိန်းချုပ်မလဲ?
- မိုက်ကယ်ဂျက်ဆင် (သို့) အထင်လွဲမှုအခံရဆုံး အဆိုတော်
- အချစ်ရဲ့ဒိတ်လွန်နေ့စွဲ
- လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး
- Halloween
- ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်း
- ရင့်ကျက်တယ်ဆိုတာ......
- သားသမီးတွေနဲ့ နှစ်ဘယ်လောက်ကြာ အတူနေရမလဲ?
- လိပ်ပြာငယ်
- မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း
- နောက်ဆုံးသစ်ရွက်လေး
- ပျော်ရွှင်ခြင်း ဘယ်ဆီမှာ!
- နှလုံးသား ဝန်ဆောင်မှု
- ဘဝကို ပြောင်းလဲခဲ့တဲ့ လက်ဆောင်
- တစ်သက်တာအတွက် ခရစ္စမတ်လက်ဆောင်
- ခရစ္စမတ် သစ်ပင်
- ခရစ္စမတ်လက်ဆောင် ခြေအိတ်တစ်စုံ
- တုန့်ပြန်မှုကို မျှော်လင့်သူ... အမေ
- အမေ(၃)ယောက်ရဲ့ ပုံပြင်
- ချောကလက် ဘာကြောင့်ဖြစ်?
- တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ
- စိတ်၏ အကွာအဝေး
- Don't worry..... be happy
- သင်းကွပ်ကြက်
- မိဆိုးနှင့် သင်္ကြန်များ
- လက်ချောင်းလေးတွေပေါ်က လက်စွပ်များ
- အိပ်မက်ထဲက ဝိညာဉ်ချစ်သူ
- အမှောင်လွန်ပြီး မိုးလင်းခဲ့သော်...
- လွန်ခဲ့တဲ့(၁ဝ)နှစ်နဲ့ (၁ဝ)နှစ်နောက်ပိုင်း
- အသက် ၂၄နှစ်ပြည့် ညီအကိုမောင်နှစ်.မများအတွက်.
- ကောင်မလေးရေ
- ချစ်သူ
- ♥♥♥♥ချစ်လို့  အရှုံးပေးခဲ့တာ♥♥♥♥
- နင်းရဲ့ရင်ခွင်ထဲမှာလည်း မှေးစက်ချင်တယ်
- """လမင်းနဲ့ သစ်ပင်"""
-
▼
December
(93)
No comments:
Post a Comment