p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 3 December 2012

အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်


သူ လေးနှစ်သားအရွယ်တုန်းက မတော်တဆခဲမှန်လို့ မျက်လုံးတစ်လုံး တိမ်စွဲခဲ့ရတယ်။ ခဲမှန်စက သွေးတွေတရဟောထွက်လို့ ဆေးရုံတက်ခဲ့ပေမယ့် ဆရာဝန်က အကောင်းပကတိ ဖြစ်အောင် ပြန်ကုလို့ မရနိုင်တော့ဘူးဆိုပြီး ဆေးတချို့ပဲပေးခဲ့တယ်။

ဒါကို အဖေက လက်မလျှော့ဘူး။ သူ့ကိုချီပိုးပြီး မြို့ပေါ်က အကောင်းဆုံးမျက်စိအထူးကုဆီ သွားပြခဲ့တယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ကုလို့မရတော့ဘူးဆိုတဲ့ စကားက အဖေ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြန်တယ်။ ဝမ်းနည်းမှုကို မခံရပ်နိုင်တဲ့အဆုံး အဖေငိုခဲ့တယ်။ ဘာကိုမှ သေချာနားမလည်သေးတဲ့ အရွယ်မို့ အဖေဘာကြောင့်ငိုမှန်း သူ မသိခဲ့ဘူး။

သူ(၆)နှစ်အရွယ်ရောက်တော့ ညာမျက်လုံးက တစစဖြူလာခဲ့တယ်။
“အဖေ...ဘာဖြစ်လို့ ကျွန်တော့်မျက်လုံး တစ်လုံးက ဖြူနေရတာလဲ” လို့ မေးတဲ့အမေးကို အဖေပြန်မဖြေနိုင်ခဲ့ဘူး။ သားဘဝတစ်လျှောက်လုံး မျက်လုံးတစ်လုံးတည်းနဲ့ပဲ ပြီးဆုံးရတော့မယ်၊ ဘာပဲလုပ်လုပ် တစ်ခြားလူတွေထက် ပိုခက်ခဲမယ်ဆိုတာ အဖေသိခဲ့တယ်။

အဖေက လိပ်သည်းကျောက် တင်ပို့ရောင်းချတဲ့စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနှစ်က ကျောက်တွေကို ကားပေါ်တင်ရင်း မတော်တဆ ဝန်ချီစက်ကြိုး ပြတ်သွားခဲ့တယ်။ မြေပြင်ပေါ်ကို အရှိန်နဲ့ကျလာတဲ့ ကျောက်တွေကနေ ကျောက်ခဲအသေးအမွှားတစ်ချို့က သေနတ်ထိပ်က ကျည်ဆံလိုပဲ အဖေ့ဆီ ပြေးဝင်လာခဲ့တယ်။ အဖေ ကာကွယ်ချိန်မရလိုက်ဘူး။ ကျောက်ခဲတစ်ချို့ အဖေမျက်လုံးကို ထိသွားခဲ့တယ်။ ဒဏ်ရာသေးပေမယ့် ကုသဖို့ကို အဖေငြင်းဆန်ခဲ့ပြီး အလျှော်ပေးတဲ့ ကုသခကိုပဲယူမယ်လို့ အဖေတောင်းဆိုခဲ့တယ်။

ဘာကြောင့်လဲလို့ မေးတော့ အဲဒီကုသခနဲ့ သားကို မျက်လုံးတုတစ်ခု တပ်ဆင်ပေးချင်လို့လို့ အဖေကဆိုပါတယ်။ အဖေရဲ့တောင်းဆိုချက်ကို စစချင်းမှာ တစ်ဖက်က လက်မခံနိုင်ခဲ့ပေမယ့် အဖေရဲ့တောင့်ခံမှုကြောင့် နောက်ဆုံးမှာ ဝန်ခံချက်လက်မှတ်ရေးထိုးပြီး လိုက်လျှောခဲ့တယ်။ ကုလို့ရနိုင်ရက်နဲ့ မကုဘဲ ငြင်းခဲ့တဲ့အဖေကို လူတွေကရူးသွားပြီလို့ ထင်ကြပေမယ့် အဖေဂရုမစိုက်ခဲ့ဘူး။

အနှစ် (၂ဝ)လွန်ပြီးတဲ့နောက် ကုမ္ပဏီအသေးလေးတစ်ခု အဖေပိုင်ခဲ့တယ်။ လူတွေက အဖေ့ကို “မျက်တစ်လုံး”လို့ ခေါ်ခဲ့ကြတယ်။ သားက ခန့်ခန့်ချောချောနဲ့ အကြောင်းမသိရင် မျက်စိတစ်ဖက် ကန်းနေမှန်းတောင် မသိနိုင်ပါဘူး။

သားရဲ့မင်္ဂလာပွဲမှာ လူတွေက သတို့သမီးကို “မျက်လုံးတစ်လုံးပဲ ရှိတဲ့သူ့ကို ဘာဖြစ်လို့ ယူသလဲ” လို့ မေးတော့ သတို့သမီးက “မျက်လုံးတစ်လုံးပဲ ရှိပေမယ့် သာမန်လူတွေထက် သူပိုရက်ရောတယ်” လို့ ပြောခဲ့တယ်။

သားရဲ့မင်္ဂလာပွဲမှာ အဖေက အပျော်လွန်ပြီး မူးနေပါပြီ။
ကွယ်နေတဲ့ မျက်လုံးကိုထိုးပြီး အဖေက “ကျွန်တော် ဘာဖြစ်လို့ ဒီမျက်လုံးကို မကုခဲ့တာလဲ သိလား? သားငယ်ငယ်က သူ့မျက်လုံးတစ်ဖက် ဘာကြောင့် ဖြူနေရတာလဲလို့ ကျွန်တော့်ကို မကြာခဏ မေးခဲ့တယ်။ ကျွန်တော် ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။ ဒီမျက်လုံးကြီးကန်းသွားမှ သားကို ကျွန်တော်ပြန်ဖြေနိုင်ခဲ့တယ်။ ဖေဖေရဲ့ မျက်လုံးလည်း ဖြူနေပါတယ်သား.. ဒါမျိုးရိုးကြောင့်ပါလို့”

မင်္ဂလာခန်းမတစ်ခုလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားခဲ့တယ်။


ဖခင်ဆိုတာ တောင်တစ်လုံးနဲ့တူတယ်။ တည်ကြည်ခံ့ညား ကြီးမြင့်တယ်။
အခက်အခဲတွေကို ရှေ့ကနေ ကာကွယ်တားဆီးပေးတယ်။

ဖခင်ဆိုတာ မစီးဆင်းတဲ့ ရေတစ်အိုင်နဲ့တူတယ်။
ရင်ထဲက သူ့မေတ္တာကို မဖွင့်လှစ်ပြတတ်ဘူး။

ဖခင်ဆိုတာ လက်တစ်စုံပါ။ အဲဒီလက်တစ်စုံနဲ့ သားသမီးတွေကို ဖေးမပြီး နွေ၊ မိုး၊ ဆောင်းအတူ ဖြတ်ကျော်ခဲ့တယ်။

ဖခင်ဆိုတာ မျက်ရည်တစ်စက်။ အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်ဖြစ်တယ်။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ