p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday 19 December 2012

မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့


မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့
အဲဒီအစား ဘာကြောင့်စိတ်ညစ်ခဲ့ရသလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ

မနေ့ကအဆင်မပြေမှုကို ဒီနေ့သယ်မလာပါနဲ့
အဲဒီအစား ဘာကြောင့်အဆင်မပြေခဲ့ရလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ

မနေ့ကဆုံးရှုံးခဲ့တာကို ဒီနေ့ပြန်မခံစားပါနဲ့
အဲဒီအစား ဘာကြောင့်ဆုံးရှုံးခဲ့ရလည်းဆိုတဲ့ အဖြေကိုပဲသယ်လာပါ

မနေ့ကကြေကွဲဝမ်းနည်းမှုကို ဒီနေ့သယ်မလာပါနဲ့
အဲဒီအစား ဘာကြောင့်ဝမ်းနည်းကြေကွဲခဲ့ရလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ

မနေ့ကမလုပ်လိုက်မိတဲ့ အရာတွေကိုနှမြောတသမနေပါနဲ့
အဲဒီအစား ဒီနေ့မှာပဲအကောင်အထည်ဖော်လိုက်ပ

ဝမ်းနည်းစရာဖြစ်ဖြစ်၊ အမှားအယွင်းတွေဖြစ်ဖြစ် ၊ ဆုံးရှုံးမှုတွေဖြစ်ဖြစ် ကြုံတွေ့ရတဲ့အခါ စိတ်ညစ်နေတာချည်း မလုပ်ပါနဲ့
အဲဒီထဲကနေ "ဘာကြောင့်"ဆိုတဲ့အဖြေကိုအမြဲသင်ယူပါ
အဲဒီလိုသင်ယူရင်းနဲ့ပဲ သင်ဟာ တူညီတဲ့အမှားမျိုးကိုထပ်မမှားနိုင်တော့ပဲ စိတ်ချမ်းသာပျော်ရွှင်မှုကို ပိုင်ဆိုင်လာရတတ်ပါတယ်

သင်ယူတတ်တဲ့ လူတယောက်အဖို့
မျက်ရည်ဆိုတာ ပျော်ရွှင်ခြင်းအတွက်လျှို့ဝှက်ချက်တခုပါပဲ..:)

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ