p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday 12 December 2012

အချစ်ကိုမျှော်လင့်


ရစ်ပတ်ချည်နှောင်သံယောဇဉ်ကြိုး
နှလုံးသားထဲမှာလာငြိနေပြီ......

အချစ်တစ်ခုရင်မှာ သိုဝှက်တာလည်း
ရက်တွေလတွေအတော်မြင့်နေပြီ.......
ဒုက္ခဝေဒေနာလှိုင်းဘောင်ဘင်လည်း
ငါ့မှာအမြဲတမ်းကြုံတွေ.နေပြီ.......
မင်းအကြောင်းတွေကိုသီကုံးတာလည်း
လွမ်းရက်တွေမှာကမ္ဘာပျက်နေပြီ......။
ချစ်လျက်နဲ.ပဲမုန်းယောင်ဆောင်လည်း
အဓိပ္ပယ်တွေကသိသာနေတယ်......
ပတ်စပို.ပုံလေးသိမ်းကာနေလည်း
နေ.စဉ်ရှုမငြီးကြည့်မိနေတယ်.......။
ငါကအခွင့်အရေးသမားတစ်ယောက်မဟုတ်ပါဘူး.......
မင်းကိုကြိုလင့်ချစ်စကားပြောတာ
ပြောမိသူကအပြစ်ရှိလား......
နှလုံးအိမ်သွေးယိုပေါက်ကွဲမတတ်ပေါ့
ငါ့မှာရူးတာမင်းမှမသိတာ.....
နီးစပ်ဖို.အတွက်ကြိုးစားချိန်မှာ
အရာအားလုံးကိုလွန်ဆန်ခဲ့တာ.....
မင်းဘက်ကတော့အပြုံးရယ်မဲ့တာ
ငါ့ရင်ထဲမှာဗလောင်ဆူခဲ့တာ......။
ကြယ်စင်မှိန်လျညအခါ
ဝန်းကျင်တိတ်ဆိတ်ငါဆွေးမိ
မနက်ဖြန်ဆိုတဲ့ရက်တွေဟာ
မင်းအချစ်မျှော်လင့်အမက်ဆုံးပါ......။
တောင့်တရောင်စုံကြယ်တစ်စင်း
ငါ့ရင်ထဲကအမှောင်ဖြိုခွင်း .......
လင်းလက်ခြင်းရဲ.သင်္ကေတ
ချစ်ခြင်းဆိုတဲ့ဝေါဟာရ........။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ