p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday 12 December 2012

မျှော်လင့်သူ


မျှော်နေရသူဒုက္ခဟာ
ဘယ်လောက်ကြီးမားလဲဆိုတာ
မင်းသိမှာမဟုတ်ပါဘူး
တစ်နေ့ပေါ့

ငါ့ဘက်ကိုစိတ်လည်လာမလား
မျှော်လင့်မိတာ
ရာသီတွေပြောင်း
ပိတောက်တွေလည်း
တစ်ခါပြီးတစ်ခါ
ပွင့်ပြီးနေပြီ
မျှော်လင့်နေသူဟာအရူးလား
အရူးဆိုလည်းဆက်ရူးလိုက်မယ်
အချစ်အတွက်အရူးပေါ့
မိုးသားကောင်းကင်ကြည်လင်
ငှက်ကလေးတွေတေးဆိုနေပေမယ့်
မသာယာနိုင်တဲ့ ရင်ထဲ
နွမ်းလျလျ မှောင်မိုက်ပေါ့
မျှော်လင့်နေသူ
ကြားချင်တာစကားတစ်ခွန်းထဲပါ
ချစ်သူသိမှာပါ. . .။ ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ