p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday 11 December 2012

မင်းကိုလွမ်းတဲ့ ည

ချစ်တာ ကောင်းတယ်တဲ့
ငါကတော့
မချစ်တတ်အောင် ကြိုးစားချင်တယ်
ဒီရင်မှာ ဝေဒနာတွေ တိုးလွန်းလို့။


လွမ်းတာ ကောင်းတယ်တဲ့
ငါကတော့
မလွမ်းတတ်အောင် ကြိုးစားချင်တယ်
နေရာတိုင်းမှာ မင်းကို ဖွေရှာမိလို့။

ပွေ့ဖက်တာ ကောင်းတယ်တဲ့
ငါကတော့
မပွေ့ဖက်တတ်အောင် ကြိုးစားချင်တယ်
အေးစက်တဲ့ မင်းလက်အစုံနဲ့ ထိတွေ့မိမှာစိုးလို့။

နမ်းတာ ကောင်းတယ်တဲ့
ငါကတော့
မနမ်းတတ်အောင် ကြိုးစားချင်တယ်
မင်းကိုယ်ပေါ်က စိမ်းကားတဲ့ ရနံ့တွေ ရှုရှိုက်မိမှာစိုးလို့။

ဒါပေမယ့်.....ကောင်လေးရယ်
မင်းကိုငါ လွမ်းတယ်
မင်းကိုငါ ဖက်ထားချင်တယ်
မျက်လုံးအစုံကို မှိတ်
မနက်ဖြန်ရဲ့ နေရောင်ခြည်
မတွေ့တော့တဲ့ အချိန်ထိပေါ့.....

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ