p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 3 December 2012

လိပ်ပြာငယ်


(Ngwe Chi ရေးတဲ့ "ပိုးတုံးလုံးသာ ပိုးအိမ်က ရုန်းမထွက်နိုင်ခဲ့ရင်လိပ်ပြာ ဆိုတာမဖြစ်လာဘူး" စာနဲ့ ပတ်သက်ပြီး ဟိုးအရင်က ဘာသာပြန်ခဲ့ဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ကို တင်လိုက်ပါတယ်..း)

တစ်ခါက လူတစ်ဦးသည် မမျှော်လင့်ဘဲ ပိုးအိမ်တစ်အိမ်ကို တွေ့လေသည်။ ရက်များမကြာမီ ထိုပိုးအိမ်ထိပ်တွင် အပေါက်ငယ်တစ်ပေါက်ကို သူ သတိပြုမိသည်။ ပိုးအိမ်ထဲမှ လိပ်ပြာလေးတစ်ကောင်သည် သူ၏သေးငယ်သော ခန္ဓာကိုယ်ကို အားပြု၍ ထိုအပေါက်မှ အပြင်သို့ရောက်ရှိနိုင်ရန် ကြိုးစားရုန်းကန်နေသည်ကို စိတ်ဝင်စားစွာ သူရပ်ကြည့်နေမိသည်။

သို့သော် အချိန်သာကုန်သွားသည်။ လိပ်ပြာလေးမှာ ကြိုးစားရုန်းထွက်နေသော်လည်း အရာမရောက်ခဲ့ပေ။ ထိုအခါ ထိုသူမှာ လိပ်ပြာလွယ်ကူစွာ ထွက်လာနိုင်ရန် အပေါက်အား ကပ်ကြေးဖြင့် ညှပ်ပေးလိုက်သည်။ လိပ်ပြာမှာအပြင်သို့ လွယ်ကူစွာ ထွက်လာနိုင်သော်လည်း သူ၏ပုံသဏ္ဍာန်မှာ အခြားလိပ်ပြာများနှင့် ကွဲပြားနေသည်။ ခန္ဓာကိုယ်မှာ ကြီးထွားနေပြီး တောင်ပံမှာ သေးငယ်နေသည်။ ထိုသူသည် အခြားလိပ်ပြာများနှင့် အသွင်ကွဲနေသော ထိုလိပ်ပြာကို ရပ်ကြည့်နေမိသည်။ လိပ်ပြာ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းသေးသွားပြီး တောင်ပံမှာ တဖြည်းဖြည်းသန်မာလာကာ ပျံသန်းနိုင်မည်ဟု သူထင်ထားသောကြောင့်ဖြစ်သည်။ သို့သော် လိပ်ပြာငယ်မှာ ကြီးမားသောခန္ဓာကိုယ်နှင့် သေးငယ်သောအတောင်ပံဖြင့် မြေကြီးပေါ်တွင်သာ တွားသွားနေရသည်။ လုံးဝ ပျံသန်းနိုင်ခြင်း မရှိတော့ပေ။

လိပ်ပြာသည် အပြင်သို့ရောက်ရန် ထိုအပေါက်မှ ဖြည်းဖြည်းချင်း အားပြုထွက်ရမည်ကို စိတ်ထားကောင်းသော ထိုသူ မသိခဲ့ပေ။ ထိုသို့ အချိန်ယူရုန်းထွက်မှ လိပ်ပြာ၏ခန္ဓာကိုယ်ထဲရှိ အရည်များသည် ဖိအားကြောင့် အတောင်ပံသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။ ထိုမှ အပြင်သို့ရောက်လျှင် သန်မာသော တောင်ပံတစ်စုံအဖြစ် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဤသည်က သဘာဝတရား၏ ထူးဆန်းသော ဖွဲ့စည်းမှုဖြစ်သည်။ လိပ်ပြာလေး ပိုးအိမ်အတွင်းမှ ဖြည်းဖြည်းချင်းအားနှင့် ရုန်းထွက်ခြင်းသည် အပြင်လောကတွင် အားမာန်နှင့် ပျံသန်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုဖြစ်သည်။

ဘ၀တွင် ကြိုးစားရုန်းကန်ခြင်းသည် ကျွန်တော်တို့အတွက် ရှိသင့်သည်။ အကယ်၍ လောကကြီးတွင် လုပ်လိုက်သမျှအရာတိုင်း အဆင်ပြေ ချောမွေ့နေလျှင်၊ လိုချင်သမျှ အလွယ်တကူဖြစ်အောင် ဖန်တီးပေးထားလျှင် ကျွန်တော်တို့သည် ကြိုးစားချင်မည်မဟုတ်။ ဘ၀သည် ကြီးပြင်း ရင့်ကျက်လာမည် မဟုတ်ပေ။ အခက်အခဲ၊ ဆုံးရှုံးမှုများကြား ကြိုးစားရုန်းထွက်ခြင်းသည် ဘ၀၏အောင်မြင်မှုအတွက် အကောင်းဆုံး အတွေ့အကြုံဖြစ်သည်။

(သားသမီးများကို ဆုံးမလမ်းညွှန်ရာတွင် ကျွန်တော်တို့သည် ပိုးအိမ်ကို ညှပ်သောသူအဖြစ် အလွယ်တကူ ရောက်ရှိသွားနိုင်သည်။ )

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ