p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 2 December 2012

ကောင်မလေးရေ


ချစ်ရတဲ့ကောင်မလေးရေ အမြဲပဲ ကံမကောင်းခဲ့တဲ့ ငါ ဒီတခါလဲ ကံမကောင်းပြန်ဘူးလား…. ချစ်သူရယ် .. နင်နဲ့ တွေ့ မှ အချစ်ဆိုတာ နားလည်ခဲ့မိတဲ့ငါ နင့်ချစ်သူဖြစ်ခွင့်ရခဲ့လို့  အရမ်းပျော်ခဲ့မိတယ် ငါ့အနားမှာ နင် ရှိနေတဲ့အချိန် ငါ့အတွက်အပျော်ဆုံးအချိန်တွေပေါ့ အမှတ်တမဲ့ ပြုမိတဲ့ အမှားအတွက် ရရှိလာတဲ့ရလဒ်က နင့်အမုန်းတွေလား….. နင်မရှိတော့မှ နင့်တန်ဖိုးကို ငါသိနေပါပြီ ချစ်သူရယ် လွမ်းတယ်ချစ်သူ…..် ရင်ဘတ်ချင်းတူရင် ပေါင်းစပ်လို့ ရတယ်လို့  နင်ပြောခဲ့တယ်လေ အခုတော့ နင်မရှိတဲ့ အရပ်မှာ ငါတယောက်တည်း အထီးကျန်စွာနဲ့  လွမ်းနေရပြီနော်…… နင့်ကိုလွမ်းစိတ်နဲ့  အလွမ်းကဗျာလေးတွေလဲ ငါရေးတတ်နေပြီ ချစ်သူ….. ငါ့ရဲ့အမှားတွေအတွက် တိတ်ဆိတ်နေတဲ့ ညအလယ် တယောက်တည်း ငိုကြွေးနေရပြီ ချစ်သူ….. ငါ့ရဲ့ အသက်ရှူလိုက်တိုင်းမှာ နင့်ကို သတိယတယ် ပြန်ဆုံဖို့ မလွယ်မှန်း သိပေမဲ့  တမ်းတနေမိတယ် ချစ်သူရယ် …… နင့်အချစ်တွေကို မရရင်နေပါ ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့ ချစ်သူရယ်… နင့်ကိုလွမ်းတဲ့ အလွမ်းနေ့ ရက်လေးတွေကို နင်အသိအမှတ်ပြုရင် ငါကျေနပ်ပါတယ် ချစ်ရတဲ့ ကောင်မလေးရေ………

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ