p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday 12 December 2012

ယုံကြည်ပါချစ်သူ


အိပ်ယာဝင်လည်း
ဟိုဘက်လူး ဒီဘက်လှိမ့်
သူ့စိတ်


အိပ်ပျော်သွားလည်း
အိပ်မက်ထဲရောက်ရောက်လာ
သူ့အရိပ်
မိုးလင်းတော့လည်း
သူ့စိတ်
ရင်ခွင်ထဲနက်ရှိုင်းစွာနေရာယူသွားသူလေးရယ်. . .
ရင်စည်းပြီးခံရတဲ့ အလွမ်းဒဏ်
ကြင်သူမြင်ပါ့မလား
မီးမှောင်းထိုးပြနေတာ
ချစ်သူပုံရိပ်


သာယာတဲ့နံနက်ခင်း
ချစ်သူပုံရိပ်တွေနဲ့ဖြာလင်းလက်
အသက်ထက်မြတ်နိုးမိနေပြီ
ယုံကြည်ပါ ချစ်သူ
ဝင်လာခဲ့ပါလား
ရင်ထဲ
လုံခြုံတဲ့အိမ်လေးဆောက်ပြီးပြီ. . . ။ ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ