p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday 12 December 2012

“မ” ကတော့ယုံချင်မှယုံမှာ


တကယ်ပြောတာပါ
“မ” ကတော့ယုံချင်မှယုံမှာ
အလွမ်းတွေ နဲ့ကျွန်တော်မရှင်သန်ပါရစေနဲ့
ရှင်လျက်နဲ့ သေနေမှာမို့ပါ…

ကျွန်တော်ဘဝရဲ့ ပထမဆုံးသောအနွေးဓာတ်ရယ်
ဘယ်ဆောင်းကိုမှကျွန်တော် မမှု့တော့ဘူး
“မ” သာဘေးမှာရှိပေးပါ
အနာဂတ်လမ်းတွေ အားလုံးလင်းနေမှာ…
“မ” လက်ကိုတွဲပြီး
ဘဝတိုက်ပွဲတွေမှာ
ကျွန်တော့်လောက်ရဲရင့်တဲ့
“ဓား” ရှိမှာမဟုတ်တော့ပါဘူး။
စကားတစ်ခွန်းထဲပါ
ဒါပေမယ့် လူတစ်ယောက်ဘဝကို
ပြောင်းလဲသွားမှာတော့ “မ” ဆီကအဖြေပါ
ကျေးဇူးပြုပြီး မရက်စက်ပါနဲ့ဗျာ..
ကြွေသွားလိမ့်မယ်
ကြယ်တွေမဟုတ်ဘူး
ကျွန်တော့် နှလုံးသားပါ
“မ” ဆိုတဲ့နဂါးငွေ့တန်းဆီကနေပေါ့…
ကြယ်ဆိုတာကြွေပြီးရင်
အသစ်မဖြစ်တော့သလို
ကျွန်တော့်နှလုံးသားလည်း
အနက်ရှိုင်းဆုံး အမုန်းချောက်ထဲ
မရောက်ပါရစေနဲ့ “မ” ရယ်..
“မ”လက်ထဲမှာ ကြယ်တစ်ပွင့်ရဲ့
ဖြစ်တည်ခြင်းရှိနေပါတယ်
ဒါပေမယ့် ဒီကြယ်က
သူ့သခင်မ အလိုကျပါ
သူမစိတ်ညစ်မယ် ဆိုရင်သူ့ကိုယ်သူ
ခြွေချဖို့ ဝန်မလေးပါဘူး။
တကယ်ပြောတာပါ
“မ” ကတော့ယုံချင်မှယုံမှာ…

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ