p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 3 December 2012

အချစ်


အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိပါဘူး။

(၅)နှစ် အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
နင်ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပာယ်လည်းလို့ ငါ့ကိုမေးခဲ့တယ်။

(၁၅)နှစ် အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပာယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးဖြာပြီး နင်ပြုံးခဲ့တယ်။

(၂ဝ)နှစ် အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာကိုစိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး “သိပါတယ်...ထပါတော့ လူပျင်းလေးရယ်”လို့ ချစ်စနိုးနဲ့ နင်ပြောခဲ့တယ်။

(၃ဝ) အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
“တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ပစ္စည်းတွေကိုလည်း ဝယ်ခဲ့ဖို့ မမေ့နဲ့” လို့ နင်ရယ်ပြီး ပြောခဲ့တယ်။

(၄ဝ) အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
ပန်းကန်တွေ သိမ်းရင်း “ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး” လို့ နင်စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅ဝ) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
သိုးမွှေးချည်ကို ထိုးရင်း “တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစော သေစေချင်နေတယ် မဟုတ်လား”လို့ ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။

(၆ဝ) အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး..မြေးတွေတောင်ကြီးနေပြီ အပြောကမက်တုန်း” လို့ နင်ပြောခဲ့တယ်။

(၇ဝ) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ခုန်ပေါ်မှာငါတို့တူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅ဝက ဓာတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့လက်ကို ငါဆုတ်ကိုင်ရင်း နင့်ကိုငါချစ်တယ်လို့ ပြောတယ်။ အကြင်နာတွေပြည့်နေတဲ့ မျက်လုံးနဲ့ ငါ့ကိုနင်ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်နှာဟာ လှပနေဆဲပါ။

(၈ဝ) အရွယ်တုန်းက နင့်ကိုငါချစ်တယ်လို့ ပြောတယ်။
နင် လှဲလျောင်းနေတယ်....ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်း နင်ပြောခဲ့တယ် “ငါ.....နင့်....ကို...ချစ်...တယ်”တဲ့။
ငါ့ဘဝမှာ အပျော်ဆုံးနဲ့ ဝမ်းအနည်းဆုံးနေ့တစ်နေ့ပါပဲ။

အချစ်စစ်ဟာ အချိန်ကိုကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကိုကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကိုကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲလိုခဲ့တယ်။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ