p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, 28 December 2012

မင်းရင်ခွင်

မင်းရင်ခွင်မှာ ငြိမ်သက်မှုများစွာနဲ့ 
ငါ့ကိုနားနေခွင့်ပြုပါ...

Wednesday, 26 December 2012

အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ

ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။

Wednesday, 19 December 2012

ချစ်လျှက်နဲ့ဝေးရပေမယ့် ငါတို့ဆက်ချစ်နေကြမယ်


အချစ်ဟုတ်လား
ငါကိုင်ကြည့်လိုက်တော့
အလွမ်းတွေကြီးပဲ.ရလိုက်တာကို
အချစ်လို့ခေါ်တယ်ပေါ့....

နင် မသိပါဘူး
တစ်ယောက်တည်း ကြယ်တွေကို
ရေနေရတဲ့ ငါ့အဖြစ်ကို

မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့


မနေ့က စိတ်ညစ်စရာကိုဒီနေ့သယ်မလာပါနဲ့
အဲဒီအစား ဘာကြောင့်စိတ်ညစ်ခဲ့ရသလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ

မနေ့ကအဆင်မပြေမှုကို ဒီနေ့သယ်မလာပါနဲ့
အဲဒီအစား ဘာကြောင့်အဆင်မပြေခဲ့ရလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ

မနေ့ကဆုံးရှုံးခဲ့တာကို ဒီနေ့ပြန်မခံစားပါနဲ့
အဲဒီအစား ဘာကြောင့်ဆုံးရှုံးခဲ့ရလည်းဆိုတဲ့ အဖြေကိုပဲသယ်လာပါ

မနေ့ကကြေကွဲဝမ်းနည်းမှုကို ဒီနေ့သယ်မလာပါနဲ့
အဲဒီအစား ဘာကြောင့်ဝမ်းနည်းကြေကွဲခဲ့ရလဲဆိုတဲ့အဖြေကိုပဲသယ်လာပါ

မနေ့ကမလုပ်လိုက်မိတဲ့ အရာတွေကိုနှမြောတသမနေပါနဲ့
အဲဒီအစား ဒီနေ့မှာပဲအကောင်အထည်ဖော်လိုက်ပ

ဝမ်းနည်းစရာဖြစ်ဖြစ်၊ အမှားအယွင်းတွေဖြစ်ဖြစ် ၊ ဆုံးရှုံးမှုတွေဖြစ်ဖြစ် ကြုံတွေ့ရတဲ့အခါ စိတ်ညစ်နေတာချည်း မလုပ်ပါနဲ့

Wednesday, 12 December 2012

“မ” ကတော့ယုံချင်မှယုံမှာ


တကယ်ပြောတာပါ
“မ” ကတော့ယုံချင်မှယုံမှာ
အလွမ်းတွေ နဲ့ကျွန်တော်မရှင်သန်ပါရစေနဲ့
ရှင်လျက်နဲ့ သေနေမှာမို့ပါ…

အချစ်ကိုမျှော်လင့်


ရစ်ပတ်ချည်နှောင်သံယောဇဉ်ကြိုး
နှလုံးသားထဲမှာလာငြိနေပြီ......

ယုံကြည်ပါချစ်သူ


အိပ်ယာဝင်လည်း
ဟိုဘက်လူး ဒီဘက်လှိမ့်
သူ့စိတ်

မျှော်လင့်သူ


မျှော်နေရသူဒုက္ခဟာ
ဘယ်လောက်ကြီးမားလဲဆိုတာ
မင်းသိမှာမဟုတ်ပါဘူး
တစ်နေ့ပေါ့

မမေ့သေးသောနွေ..............


ရော်ရွက်ဝါတွေမြေမှာခလို့ 
တစ်နွေရောက်ခဲ့ပြန်ပြီပေါ့
   . . .   

Tuesday, 11 December 2012

ချစ်သူထံရင်ဖွင့်စာ

ချစ်သူ..........
ငါ့ဘေးမှာအသာရပ်လို့ 
ငါခံစားနေရတဲ့ဒုက္ခတွေ
ဖြေရှင်းနိုင်ဖို့ အတွက်
ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော်
   . . .   

မိုး

ပြန်တွေ့ခွင့်ဆိုတာ
မရေရာပေမယ့် တောင့်တမိတယ်..
ဘယ်အချိန်မှာ ပြန်ဆုံမယ်ဆိုတာ
မသေချာပေမယ့် မျှော်လင့်မိတယ်..
ဒါပေမယ့် မိုးရယ်

အလွမ်း


ခွဲခွာရမယ့်ရက်တွေတွေးထားမိလို့ 
ငါ့ရင်ထဲမှာပူလောင်နေရတယ်။

ပြန်ကာချစ်ပါသူငယ်ချင်း


ဘာကြောင့်ချစ်လဲ
ဘာလို.ချစ်လဲ
မေးခွန်းတွေမမေးပါနဲ.
ချစ်သူ

ကဗျာမတတ်သူ


ကဗျာမတတ်
စာဖွဲ့ရန် ခက်တော့

လှမ်းလင့်မယ့် လက်တစ်စုံ

အလုပ်ပိတ်ရက် စနေနေ့တစ်နေ့မှာ အမေ့အိမ်ကို ကျွန်မပြန်ဖြစ်ခဲ့တယ်။ အဝေးကသမီး အိမ်ပြန်လာတော့ အမေက သူကိုယ်တိုင်ဈေးသွားပြီး ချက်ပြုတ်ကျွေးမွေးဖို့ ပြင်ဆင်ခဲ့တယ်။ ကျွန်မဘယ်လိုမှ တားမရခဲ့ဘူး။

အချစ်ဆိုတာ......


"ငါတို့ လမ်းခွဲကြရအောင်"
 ကောင်မလေးက စိတ်ကိုတင်းပြီးပြောတယ်။

အခြားအမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့သည်


လက်ထပ်ပြီး ၂၁နှစ်လွန်မြောက်လာမှ ချစ်ခြင်းဆိုတဲ့ ပန်းတစ်ပွင့် အမြဲလတ်ဆတ် လန်းဆန်းစေတဲ့ နည်းတစ်နည်းကို ကျွန်တော်တွေ့ရှိခဲ့တယ်။ အဲဒီနည်းက ဘာပရိယာယ်မှ မပါတဲ့ ရိုးသားဖြူစင်တဲ့နည်း ဖြစ်တယ်။

မင်းကိုလွမ်းတဲ့ ည

ချစ်တာ ကောင်းတယ်တဲ့
ငါကတော့
မချစ်တတ်အောင် ကြိုးစားချင်တယ်
ဒီရင်မှာ ဝေဒနာတွေ တိုးလွန်းလို့။

ဘဝ


(၁)
ပါးစပ်နည်းနည်း ချိုပါ၊ ဦးနှောက်နည်းနည်း ရှင်ပါ။
လှုပ်ရှားမှု နည်းနည်းမြန်ပါ။ အကျိုးနည်းနည်းမြင့်ပါ။
စကားပြော နည်းနည်းညင်သာပါ။ အပြုံးများများပြုံးပါ။
အလုပ်ပိုလုပ်ပါ။ ဒါဟာ အောင်မြင်သူတွေ အောင်မြင်ရတဲ့နည်းဖြစ်တယ်။

တကယ်လို့ တစ်နေ့နေ့မှာ.....

တကယ်လို့ တစ်နေ့နေ့မှာ
ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊
စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။

အချစ်ဆိုတာ...........

(၁) တကယ့်အချစ်ဆိုတာ သည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။

အားနည်းချက်မှ အားသာချက်သို့

မတော်တဆ ယာဉ်တိုက်မှုတစ်ခုကြောင့် (၁ဝ)နှစ်သား ဂျပန်ကလေးငယ်တစ်ယောက် ဘယ်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။ တစ်နေ့သော် သူသည် ဆရာတစ်ဦးထံ ဂျုဒိုပညာကို သင်ယူခဲ့သည်။ သူသည် ကြိုးစားစွာ သင်ယူခဲ့သော်လည်း သင်ယူကာလ (၆)လအတွင်း ဆရာသည် သူ့အား တိုက်ခိုက်နည်းတစ်နည်းသာ သင်ပေးခဲ့ပြီး ထိုနည်းကိုသာ ထပ်သလဲလဲ လေ့ကျင့်စေခဲ့သည်။ ဆရာကို နောက်တစ်နည်း ထပ်သင်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆရာက သူ့အတွက် ဤတစ်နည်းနှင့်လုံလောက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။

စိတ်ဖိအားဖြည်လျော့နည်း (၁ဝ)နည်း

(၁) ရင်ဖွင့်နည်း

ရင်ထဲမှာ ခံစားချက်တွေ ပြည့်သိပ်နေပြီး ဘာလုပ်ရမှန်းမသိတဲ့အခါ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီး ရင်ဖွင့်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ အကြံပေးဆရာ ဒါမှမဟုတ် အတွေ့အကြုံများတဲ့ လူကြီးသူမတွေဆီမှာ ရင်တွင်းက ခံစားချက်၊ ဖိအားတွေကို ရင်ဖွင့်နိုင်ပါတယ်။

ယောက်ျားများကြောက်သော မိန်းမ


ယောက်ျားများကြောက်သောမိန်းမ (၁ဝ)မျိုး ရှိပါသတဲ့။  အောက်က(၁ဝ)မျိုးထက်မက ရှိပါတယ်။ ဘယ်လိုမိန်းမမျိုးကို ယောက်ျားတွေ ကြောက်ကြသလဲ? ဖတ်ဖူးတာလေးကို ဘာသာပြန် မျှဝေပါတယ်။ (စာရေးစမှာ ရေးခဲ့တဲ့စာမို့ စာလုံးပေါင်းအမှား သည်းခံစေချင်ပါတယ်)

မောင်

အိပ်မပျော်ရက်ည အတူဖြတ်သန်း
ခံစားမှုတွေဝေမျှ
နှလုံးသားချင်း နီးဖူးခဲ့

အချစ်အကြောင်


(၁) အချစ်ရှိတဲ့နေရာတိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေရှိတယ်။

(၂) အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။ ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်သွားတယ်။

ပြောမထွက်ဖြစ်ခဲ့တဲ့ အချစ်


ဂျပန်စာရေးဆရာ Lily Franky ရေးထားတဲ့ "တိုကျိုတာဝါ" စာအုပ်ကို စာရေးဆရာမ Heng Cao (曹姮) က တရုတ်လို ဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။ ဘာသာပြန်သူက သူ့စာမှာ ဒီလိုရေးထားပါတယ်။

Monday, 10 December 2012

Dandelion လို့ခေါ်တဲ့ တောရိုင်းပန်း



Dandelion = ဥရောပတွင်ပေါက်သော တောပန်းတစ်မျိုး (နေကြာပန်းနှင့် တူသည်) တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်

Dandelion လို့ခေါ်တဲ့ တောရိုင်းပန်းလေးတစ်ပွင့်က ကောင်းကင်ကြီးကို မောကြည့်ပြီး "ဝါး... ကောင်းကင်ကြီးက ပြာလဲ့ပြီး အပြောကျယ်လိုက်တာ.. ကောင်းကင်ပေါ်အထိ ပျံသန်းဖို့ ကျွန်တော်တို့ အခွင့်အရေး ရှိပါ့မလား?" လို့ မေးခဲ့တယ်။

အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့် လူတွေအမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။


(၁) အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့် လူတွေအမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၂) အလုပ်များနေတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘာအတွက်အလုပ်များနေလဲ ဆိုတာပဲဖြစ်တယ်။ လူ့ဘဝရဲ့အကြီးမားဆုံး အနှောင့်အယှက်နဲ့ ပြဿနာက ဦးတည်ချက်မရှိဘဲ အလုပ်များနေတာပဲဖြစ်တယ်။

(၃) သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတစ်ခွန်းနဲ့တင် သင့်ကိုနလန်ထ ပြောင်းလဲစေနိုင်ပါတယ်။

(၄) လူတစ်ယောက်နဲ့ခင်မင်ဖို့ အခွင့်အရေးလိုတယ်။
လူတစ်ယောက်ကို နားလည်ဖို့ အသိဉာဏ်လိုတယ်။
ချစ်ချစ်ခင်ခင်ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။

(၅) ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

(၆) လူ့ဘဝမှာ ရက်သုံးရက်ပဲရှိတယ်။
မနေ့ကမှာ ရှင်သန်နေတာက လူကို တွေဝေမိန်းမောစေတယ်။
မနက်ဖြန်မှာ ရှင်သန်နေတာက လူကို စောင့်မျှော်စေတယ်။
ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ကျတယ်။

(၇) အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့တူတယ်။ မသိမသာနဲ့ အသံတိတ်ရောက်လာတတ်ပြီး ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ ကျန်ခဲ့တတ်တယ်။

(၈) Jesusက သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ်သံရိုက်ပြီး အဆုံးစီရင်ခံခဲ့ရတယ်။ အဲဒီနေ့က တစ်ကမ္ဘာလုံး မျှော်လင့်ချက်မဲ့တဲ့နေ့ဖြစ်တယ်။ ဒါပေမဲ့ သုံးရက်အကြာမှာ ခရစ်တော်ထမြောက်ပွဲနေ့ (Easter day) ဖြစ်ခဲ့တယ်။

(၉) ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။
ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။
သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။
လူဖျင်းလူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။

(၁ဝ) တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေးတည်ငြိမ်တဲ့အပြုအမူက
စိတ်တိုဒေါသထွက်တာထက် ပိုအင်အားရှိတယ်။

ငြိမ်းချမ်းသိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာက
အော်ကြီးဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာထက်
တစ်ဘက်လူကို ပိုကြောက်လန့်စေတယ်။

ခွင့်လွှတ်ခြင်းနဲ့နားလည်ခြင်းက
ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက်
တစ်ဘက်လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို
ဘေးကြည့်သူတွေကိုလည်း ဂရုဏာဖြစ်စေတယ်။

ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက
အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက်
လူတွေရဲ့စိတ်ဝိညာဉ်ကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။

လုံးဝဇွဲမလျော့တဲ့ လင်ကွန်း



နာက်ဆုံးအထိ မလျော့တဲ့ဇွဲနဲ့ ကြံ့ကြံ့ခံနိုင်တဲ့လူကို ပြပါဆိုရင် Abraham Lincoln ကို ပြရပါလိမ့်မယ်။ လင်ကွန်းဟာ ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး အသက်ရှင်နေခဲ့သမျှ ကာလပတ်လုံးမှာလည်း ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်တယ်။ သူဟာ ရွေးကောက်ပွဲမှာ (၈)ကြိမ်ပါဝင် ရွေးကောက်ခဲ့လည်း (၈)ကြိမ်စလုံး အရွေးမခံခဲ့ရသလို စီးပွားရေး နှစ်ခါလုပ်တာ နှစ်ခါစလုံး အဆုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ စိတ်ကျဝေဒနာ အကြီးအကျယ် တစ်ကြိမ်ခံစားခဲ့ရတယ်။ လက်လွတ်တဲ့ အခြေအနေထိရောက်ခဲ့လည်း သူရဲ့မလျော့တဲ့ဇွဲနဲ့ လက်မလွတ်၊ အရှုံးမပေးခဲ့လို့ပဲ သူဟာ အမေရိကန်ရဲ့အအောင်မြင်ဆုံးသော သမ္မတဖြစ်လာခဲ့တယ်။

အောက်ပါ အချက်အလက်တွေက သူ အိမ်ဖြူတော်မရောက်ခင် သူ့ရဲ့ကိုယ်ရေးရာဇဝင် အကျဉ်းဖြစ်တယ်။

၁၈၁၆ခုနှစ်.... သူ့မိသားစုတွေ နေအိမ်မှ မောင်းထုတ်ခံရ၊ မိသားစုအတွက် အလုပ်လုပ်ခဲ့ရ

၁၈၁၈ခုနှစ်.... မိခင်ကွယ်လွန်

၁၈၃၁ခုနှစ်.... စီးပွါးရေးဆုံးရှုံး

၁၈၃၂ခုနှစ်....လွှတ်တော်အမတ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်ခဲ့

၁၈၃၂ခုနှစ်....အလုပ်လက်မဲ့ဖြစ်၊ ဥပဒေကျောင်းတက်ဖို့ ကြိုးစားခဲ့သော်လည်း ဝင်ခွင့်မရခဲ့

၁၈၃၃ခုနှစ်....မိတ်ဆွေထံ ငွေချေးပြီး စီးပွါးလုပ်၊ မအောင်မြင်၊ ထိုချေးငွေကို ၁၆နှစ်ကြာအောင်ဆပ်ခဲ့ရ

၁၈၃၄ခုနှစ်... လွှတ်တော်အမတ် ၀င်ရောက်ရွေးချယ်၊ အောင်မြင်

၁၈၃၅ခုနှစ်....လက်ထပ်ခါနီး စေ့စပ်ထားသော သတိုးသမီးလောင်း ကွယ်လွန်၊ ရင်ကွဲနာကျ

၁၈၃၆ခုနှစ်....စိတ်ကျရောဂါခံစား၊ ဆေးရုံတွင် (၆)လကြာ ကုသခဲ့

၁၈၃၈ခုနှစ်....လွှတ်တော်အမတ်ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၄ဝခုနှစ်....ရွေးကောက်ပွဲတွင်ပါဝင် ရွေးချယ်ခဲ့၊ မအောင်မြင်

၁၈၄၃ခုနှစ်....ပါရီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၄၆ခုနှစ်....နောက်ထပ်တစ်ကြိမ် ဝင်ရောက် ရွေးချယ်၊ ရွေးချယ်ခြင်းခံရ

၁၈၄၈ခုနှစ်... လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်ပြန်

၁၈၄၉ခုနှစ်... ကိုယ့်ရပ် ကိုယ့်ငှာနတွင် အမှုထမ်းရန် အလုပ်လျှောက်ခဲ့သော်လည်း ငြင်းဆိုခံရ

၁၈၅၄ခုနှစ်...အမေရိကန်၏ အထက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၅၆ခုနှစ်...အမေရိကန်ပြည်သူ့ သမ္မတနိုင်ငံ၏ ဒုတိယဥက္ကဌအဖြစ် ပါဝင်ရွေးချယ်၊ သို့သော် ရမဲ(၁ဝဝ)ပင် မပြည့်ခဲ့

၁၈၅၈ခုနှစ်...အထက်လွှတ်တော်အဖြစ် ဝင်ရောက်ရွေးချယ်ပြန်၊ မအောင်မြင်

၁၈၆၀ခုနှစ်... အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံရ

လျှောက်ရတဲ့လမ်းက ရွံ့နွံ့တွေ အထပ်ထပ်ပါပဲ။ ခြေတစ်ဖက်က ချော်လဲရင် ကျန်ခြေတစ်ဖက်ကလဲ လိုက်ယိုင်တယ်။ ဒါပေမဲ့ အသက်ဝဝ ရှုပြီး ကိုယ့်ကို အသိပေးလိုက်တယ်။ “ဒါဟာ ခြေချော်ရုံ သက်သက်ပဲ။ ပြန်မထနိုင်စရာအကြောင်း လုံးဝမရှိဘူး”

Thursday, 6 December 2012

ဘာလဲ အချစ်ဆိုတာ.....?


ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကိုကြည့်ပြီး သူစကားတွေ ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကိုကြည့်ပြီး “ပင်လယ်... ငါမှာဖြင့် နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့” လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....

“ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား?”

“ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ”

“ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား”

“ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်”

သူ့စကားကိုလည်းကြားရော ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို ဖြည်းဖြည်းချင်း ချည်းကပ်လာခဲ့တယ်။ လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ အဲဒီလူဟာ ကြောက်လန့်ပြီး ထွက်ပြေးပါတော့တယ်။ ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။

အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကိုချစ်တဲ့လူ နောက်တစ်ယောက် ထပ်ရောက်လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။

“ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ”

ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။ အဲဒီလူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့ နောက်ဆုံးမှာ ပင်လယ်က “ ငါ့အချစ်တွေကို နင်တကယ်ယူမလား!...ငါ့အချစ်က ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား!”လို့ပြောတယ်။

အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး ယုံကြည်မှုအပြည့်နဲ့ “ လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ” လို့ ပြောတယ်။ ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို ဖြည်းဖြည်းချင်း ချည်းကပ်သွားတယ်။ လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ ပွေ့ဖက်လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ “ သူဟာ အချစ်ကို နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ.. လူကိုမထိခိုက် မနာကျင်စေဘူးလေ” လို့ တကိုယ်တည်း ပြောနေခဲ့တယ်။

အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာကြာတော့ တစ်နေ့မှာ သူက “ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်.... လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တခြား အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား!... ငါသွားတော့မယ်” ဆိုပြီး ပင်လယ်ကို ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်းစိတ်ထိခိုက်ပေမယ့်လည်း သူ့ကို မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...!

“ မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့မထိုက်တန်ပါဘူး... ငါသိတယ်” တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။

“ နင့်သိတယ်!..နင်ဘာကို သိတာလဲ?” ပင်လယ်က တိမ်ကို တအံ့တသြ ပြန်မေးတယ်။

“သူတို့က နင့်ရဲ့အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ... နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ်ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့ အဖိုးတန် အလှအပရှုခင်းတွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ်ဆိုတာကို သူတို့ခံစားမိကြရမှာပေါ့”

တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေမချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ် ပင်လယ်ကိုမချစ်တတ်ခဲ့တဲ့ လူလား....?

ကိုယ်ဟာပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေမတွေ့မမြင်၊ မခံစားမိတဲ့ လှပတဲ့အတွင်းစိတ်ရှိပါတယ်။
ပင်လယ်ကိုမချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင် ပင်လယ်အောက်(အတွင်းစိတ်)က အလှအပတွေကို မြင်အောင်ကြည့်တတ်ဖို့ ကိုယ်အရည်အချင်း မရှိခဲ့လို့ပါပဲ။

အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကိုနားလည်ပေးတတ်တဲ့လူကို ရှာရမယ်တဲ့။ အဲဒီလူက ခြောက်ပစ်တော့ မကင်းနိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။

တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့စကား မပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှားကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ

တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွှတ်ခြင်းတွေပါရတယ်၊ အကြင်နာတွေ ရှိရတယ်။
ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ရာ ခက်ကောင်းခက်လိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရတယ်။
ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့ကိုအရင်ဆုံးနားလည်ပေးပြီး သူနားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံးလုပ်ရလိမ့်မယ်။

Cupid and Psyche


Psycheက (စိတ်ဝိညာဉ် သို့မဟုတ် လိပ်ပြာလို့ အဓိပ္ပါယ်ရပါတယ်) ဘုရင်ရဲ့တတိယမြောက် သမီးတော်ဖြစ်တယ်။ သမီးတော်သုံးပါးစလုံး ပန်းလိုလှကြတယ်ဆိုပေမယ့် သမီးထွေး Psyche ရဲ့ အလှက ပိုသတင်းမွှေးခဲ့တယ်။ သူ့အလှကြောင့် လူတွေက သူ့ကို နတ်သမီးတစ်ပါးအလား ချစ်ခင်လေးစားခဲ့ကြတယ်။ တချို့က အလှနတ်သမီးလေး ဝင်စားထားသလားတောင် ထင်ခဲ့ကြတယ်။ Psyche ကြောင့် လူတွေက သူတို့အရင်ကိုးကွယ်တဲ့ အလှနတ်သမီး Aphrodite (ရောမအခေါ် Venus) ဆီ သိပ်မရောက်ဖြစ်ကြတော့ဘူး။ လူသူအရောက်နည်းခဲ့လို့ Aphrodite ရဲ့နေရာက ဖုန်အလိတ်လိတ် တက်နေခဲ့တယ်။ ဒီ့အတွက် အလှနတ်သမီး Aphrodite ဒေါသထွက်ခဲ့တယ်။


ပန်းချီဆရာ Jean-Baptiste Greuze, (1725-1805) စုတ်တံအောက်က Psyche

Aphrodite က Psyche ကို လာရောက်တောင်းရမ်းသူတွေကို အမျိုးမျိုး နှောင့်ယှက်တဲ့အပြင် ကမ္ဘာပေါ်က ရုပ်အဆိုးဆုံးသူနဲ့ Psyche ရအောင် မြှားနဲ့ပစ်ဖို့ သားတော် Eros (အချစ်နတ်သား မြှားနတ်မောင် Cupid) ကို အမိန့်ပေးလိုက်တယ်။


Psyche ကို လူတွေ ချစ်ခင်ကိုးကွယ်ကြတာကို မနာလိုတဲ့ Aphrodite က မြှားနဲ့ပစ်ဖို့ သားတော်ကို အမိန့်ပေးပုံ

မယ်တော်အမိန့်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ Psyche ကုတင်ရှေ့ မြှားနတ်မောင် ရောက်သွားပြီး မြှားနဲ့ပစ်ဖို့ ကြံရွယ်လိုက်တယ်။ ဒါပေမယ့် Psyche ရဲ့ အလှက အချစ်နတ်သား မြှားနတ်မောင်ကို မလှုပ်နိုင်အောင် ဖမ်းစားထားခဲ့တယ်။ စွဲမက်စရာ ကောင်းလှတဲ့ Psyche ရဲ့အလှမှာ မြှားနတ်မောင် ခဏသာ စီးမျောရင်း လက်ထဲက မြှားဟာ မတော်တဆ ပြုတ်ကျပြီး ကိုယ့်လက်ကိုယ် ပြန်စူးခဲ့တယ်။ မြှားစူးမိတာနဲ့ Psycheကို မြှားနတ်မောင် ချစ်သွားမိပြီး မိခင်ဖြစ်သူအလှနတ်သမီး Aphrodite ရဲ့ အမိန့်ကို လွန်ဆန်လိုက်မိတယ်။

မယ်တော်အမိန့်ကို လွန်ဆန်ခဲ့မိတဲ့ မြှားနတ်မောင်က နေနတ်သား Apolloကို သွားရှာပြီး အကူအညီတောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ Psycheရဲ့ ခမည်းတော် ဘုရင်ကြီးလည်း Psycheကို ယူမယ့်သူမရှိလို့ ဦးနှောက်ခြောက်ပြီး နေနတ်သား အပိုလိုစီ အကြံဥာဏ်တောင်းဖို့ ရောက်လာခဲ့တယ်။ အပိုလိုက ဘုရင်ကြီးကို " ဒီကလေးမရဲ့ ကြင်ယာတော်က လူနဲ့နတ်တောင် မတိုက်ခိုက်နိုင်တဲ့ မိစ္ဆာကောင်ကြီးဖြစ်တယ်။ အဲဒီ မိစ္ဆာကောင်က ဘုရင်ရဲ့သမီးတော်ကို တောင်ထိပ်မှာ စောင့်နေပါတယ်" လို့ ပြောလိုက်တယ်။

တစ်ချိန်တည်းမှာပဲ မြှားနတ်မောင်လည်း မြွေတစ်ကောင်အဖြစ် ဖန်ဆင်းပြီး ဘုရင်ကြီးကို အိပ်မက်ပေးလိုက်တယ်။ အိပ်မက်ထဲမှာ သမီးတော် Psyche ကို ခေါ်ပြီး အနောက်အရပ်က တောင်စောင်းမှာလာထားပါ။ မထားခဲ့ရင် ဘုရင်ကြီး ဆင်းရဲအောင်၊ ဒုက္ခအမျိုးမျိုးရောက်အောင် လုပ်မယ်လို့ ပြောခဲ့တယ်။

အကူအညီမဲ့ Psycheက အားလုံးဒုက္ခမရောက်အောင် မြွေကြီးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အစေအပါးတစ်ချို့က Psyche ကို တောင်စောင်းမှာ ထားခဲ့ကြတယ်။ မြွေကြီးအလာကို Psyche တစ်ယောက် ကြောက်ကြောက်ရွံ့ရွံ့နဲ့ စောင့်နေခဲ့တယ်။ ညအချိန်ရောက်မှ အနောက်အရပ်က လေညှင်းတစ်ချက် ငြင်သာစွာ တိုက်ခိုက်လိုက်တာနဲ့ တောအုပ်တစ်ခုထဲ သူရောက်သွားခဲ့တယ်။ ခမ်းနားထည်ဝါတဲ့ ရဲတိုက်ကြီးတစ်ခုက တောအုပ်အလယ်မှာ ထီးထီးကြီးတည်နေတာကို သူတွေ့လိုက်တယ်။ ရဲတိုက်ထဲ Psyche ဝင်လိုက်ပြီး ဝင်းလက်သန့်ရှင်းနေတဲ့ ဧည့်ခန်းဆောင်မှာ ရပ်လိုက်တယ်။ ရဲတိုက်ထဲမှာ လူသူတိတ်ဆိတ်လို့... ဒါပေမယ့် နားနား ကပ်ပြောသံကို သူကြားလိုက်မိတယ်။

"ကျွန်တော်တို့က သခင်ရဲ့အစေအပါးတွေပါ။ သခင် အမိန့်ကို နာခံဖို့ အသင့်ပါ"

ဒီလိုနဲ့ ရဲတိုက်မှာ Psyche နေဖြစ်ခဲ့တယ်။ ရဲတိုက်ထဲမှာ သူကလွဲလို့ လူတစ်ယောက်မှ မရှိခဲ့ဘူး။ အစားအသောက်ကောင်းတွေ သုံးဆောင်ရင်း၊ မမြင်ရတဲ့ အခိုင်းအစေတွေကို ခိုင်းစေရင်း၊ နေ့ရက်တွေကို သက်တောင့်သက်သာ သူဖြတ်ကျော်ခဲ့တယ်။

တစ်လဆိုတဲ့ အချိန်က တခဏပဲ ကုန်လွန်သွားခဲ့တယ်။ မြွေကြီးက သူဟာ အလွန်ရုပ်ဆိုးတဲ့အတွက် နေ့အချိန်မှာ ထွက်မလာဘဲ ညအချိန်မှသာ Psycheကို လာတွေ့နိုင်ကြောင်း ပြောတယ်။ ဒါပေမယ့် ညသန်းခေါင် ၁၂ နာရီကျော်တာနဲ့ ဖယောင်းတိုင်မီး အားလုံးကို မှုတ်ငြိမ်းပေးပါ၊ ဒါမှ သူထွက်လာရဲမယ့်အကြောင်း Psyche ကို တောင်းဆိုတယ်။ တကယ်လို့ ဒီတောင်းဆိုချက်ကို လွန်ဆန်ခဲ့ရင် သူ့ကို Psyche တစ်သက်လုံး ဆုံးရှုံးရမယ့်အကြောင်း ပြောပြတယ်။

မြွေကြီးရဲ့ တောင်းဆိုချက်ကို Psyche သဘောတူခဲ့တယ်။ ကြင်ယာတော်ရဲ့ ရုပ်ရည်ကို သိချင်၊ မြင်ချင်ခဲ့ပေမယ့် ပေးထားတဲ့ဂတိကို သူ မလွန်ဆန်ဝံ့ခဲ့ဘူး။ အချိန်နှစ်ဝက်အတွင်း ညအချိန်မှသာ မြွေကြီးနဲ့ တွေ့ရတယ်ဆိုပေမယ့် Psyche ပျော်ရွှင်ခဲ့တယ်။ အရိုင်းအစိုင်း တိရစ္ဆာန်နဲ့ မတူဘဲ အကြင်နာ၊ အယုယနဲ့ အပျော်တွေ သယ်လာပေးတတ်တဲ့ မြွေကြီးကို သူ မကြောက်ရွံ့ခဲ့တော့ဘူး။

အချိန်တစ်နှစ် ကုန်လွန်တဲ့အချိန် မိသားစုကို Psyche လွမ်းလာခဲ့ပြီး လွမ်းဆွတ်တဲ့အကြောင်း မြှားနတ်မောင်ကို ပြောပြလိုက်တယ်။ မြှားနတ်မောင်က သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးက Psyche ရဲ့ အစ်မတော်နှစ်ဦးကြောင့် ပျက်ရမယ်ဆိုတာကိုသိလို့ မတွေ့ဖို့ တားမြစ်ခဲ့တယ်။

ဒါပေမယ့် Psyche က အချိန်ကြာလေ ပိုလွမ်းလေမို့ နောက်ဆုံး အစ်မတော်တွေကို သူတို့နေရပ်လာဖို့ မြှားနတ်မောင် ခွင့်ပြုလိုက်တယ်။


Psyche မှ အစ်မတော်တွေကို လက်ဆောင်ဘဏ္ဍဆက်သပုံ ဒါဟာ သူနဲ့မြှားနတ်မောင်တို့ကို ဝေးကွာစေခြင်းရဲ့ အစဖြစ်တယ်

Psycheတို့ ညီအစ်မသုံးယောက် ဆုံတာနဲ့ လွမ်းဆွတ်ငိုကြွေးကြတယ်။ အစ်မတော်တွေက နေ့လဆက်တိုက် Psycheဆီ လာရောက်ခဲ့ကြပြီး မြွေကြီးကို လက်ထပ်ခဲ့ပေမယ့် ဝတ်ကောင်းစားလှတွေနဲ့ Psyche ပျော်ရွှင်နေမှန်း တဖြေးဖြေး သိလာခဲ့ကြတယ်။ အဲဒီနောက် သူတို့ရင်ထဲက မလိုမီးတွေ ဟုန်းဟုန်းတောက်ခဲ့တော့တယ်။

အစ်မတော်တွေက အရင်လို သူတို့မိသားစု ပျော်ပျော်ရွှင်ရွှင် နေရအောင် မြွေကြီးကို သတ်ပစ်ဖို့ Psyche ကို ဓားတစ်လက်ပေးပြီး ခိုင်းစေခဲ့တယ်။ ဒါကို Psyche က ငြင်းခဲ့တယ်။ ဒါပေမယ့် အစ်မတော်တွေက မြွေကြီးရဲ့ ကြောက်စရာ ရုပ်သွင်ကိုမြင်ရင် Psyche သတ်မယ်ဆိုပြီး မီးခွက်တစ်ခု ပေးပြန်တယ်။

ကြင်ယာတော်အပေါ် ယုံကြည်မှုပျက်ပြားလာအောင် အစ်မတော်တွေက Psyche ကို သွေးထိုးစကား အမျိုးမျိုးပြောခဲ့တယ်။ နောက်ဆုံး သွေးထိုးဖြားယောင်း စကားတွေ Psyche နားဝင်ပြီး မြွေကြီးကို ကြည့်ဖို့ ခေါင်းညိတ်လိုက်တယ်။


မီးခွက်နဲ့ မြှားနတ်မောင်ကို Psyche ခိုးကြည့်တဲ့တခဏ ဝေးကွာခြင်းက တံခါးလာခေါက်ခဲ့တယ်

ညရောက်တော့ မြွေကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်သွားတဲ့အထိ Psyche စောင့်နေလိုက်တယ်။ မြွေကြီးအိပ်ပျော်သွားတာနဲ့ မီးခွက်နဲ့ဓားကို ကိုင်ပြီး သူ တဖြေးဖြေး ချည်းကပ်သွားတယ်။ မီးရောင်အောက်မှာ လှပချောမွတ်တဲ့ လူငယ်တစ်ဦးကို မြင်တော့ ရုတ်တရက် သူ ထိတ်လန့်သွားမိတယ်။ ငွေရောင်ဆံနွယ်တွေနဲ့ ဖြူဆွတ်နေတဲ့ အသားအရည် ပိုင်ဆိုင်သူက မြွေကြီးတစ်ကောင် ဖြစ်နိုင်ပါ့မလား?

တဒင်္ဂ တခဏလောက် Psyche အသက်ရှုဖို့ သတိမရတော့သလို ပေးခဲ့တဲ့ဂတိကိုလည်း မေ့သွားခဲ့တယ်။ အဲဒီအချိန်မှာ မီးခွက်က ဆီတစ်စက်ဟာ အိပ်မောကျနေတဲ့ မြှားနတ်မောင်ပုခုံးပေါ် မတော်တဆ ကျသွားခဲ့တယ်။ လန့်နိုးလာတဲ့ မြှားနတ်မောင်က ဂတိဖျက်တဲ့ Psycheကို တွေ့လိုက်တာနဲ့ ဝမ်းနည်းသွားမိတယ်။ ထထိုင်ပြီး "အင်း..... တုံးအလိုက်တဲ့ Psyche ရယ်။ ငါ့အချစ်ကို မင်းဒီလိုပဲ ပြန်တုန့်ပြန်ခဲ့သလား? ငါ့မှာတော့ ငါ့မိခင်ရဲ့အမိန့်ကိုလွန်ဆန်ပြီး မင်းကိုလက်ထပ်ခဲ့တယ်။ ငါ့ကို မိစ္ဆာကောင်လို့ထင်ပြီး ငါဦးခေါင်းကို ဖြတ်ချင်တာလား Psyche? မင်းကို ဒီလိုလုပ်ဖို့ အကြံပေးတဲ့ မင်းအစ်မတော်တွေဆီ မင်းပြန်ပါ! ငါ့ကို မင်းလုံးဝ မတွေ့စေရဘူး... မင်းကို ငါဒဏ်ခတ်လိုက်ပြီ Psyche! မယုံသင်္ကာကြားမှာ အချစ်က မရှင်သန်နိုင်ဘူး"


ယုံကြည်မှု မဲ့ခဲ့လို့ အချစ်(Cupid) ကို စိတ်ဝိညာဉ် (Psyche) ထဲ ထည့်မထားနိုင်တော့ဘူး။ ဒါကြောင့် အဝေးကို ထွက်သွားဖို့ မြှားနတ်မောင် ရွေးခဲ့တယ်

စကားဆုံးတာနဲ့ လေရဲ့အလျင်လို မြှားနတ်မောင် ထွက်သွားခဲ့တယ်။ ရဲတိုက်ကြီးလည်း ပျောက်ကွယ်သွားခဲ့တော့တယ်။

"O foolish Psyche, is it thus you repay my love? After having disobeyed my mother's commands and made you my wife, will you think me a monster and cut off my head? But go; return to your sisters, whose advice you seem to think preferable to mine. I inflict no other punishment on you than to leave you forever. Love cannot dwell with suspicion"

"Love cannot dwell with suspicion"
စိတ်ဝိညာဉ် (Psyche)မှာ မယုံသကာင်္ ရှိလာပြီဆိုရင် အချစ် (Cupid)က မရှင်သန်နိုင်တော့ဘူး။

ပျောက်ကွယ်သွားတဲ့ ရဲတိုက်ကြမ်းပြင်မှာ ထိုင်ပြီး Psyche နောင်တရ ဝမ်းနည်းနေမိတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြှားနတ်မောင်ကို တွေ့အောင်ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ Psyche တစ်ယောက် မအိပ်မနား ကြင်ယာတော် ရှာပုံတော်ဖွင့်ခဲ့တယ်။ တစ်နေ့မှာ ကောက်ပဲသီးနှံစောင့် နတ်သမီး Demeter (ရောမအခေါ် Ceres) ရှေ့ သူရောက်လာခဲ့တယ်။ နတ်သမီးကို အကျိုးအကြောင်းပြောပြီး အကူအညီပေးဖို့ သူတောင်းဆိုခဲ့တယ်။ နတ်သမီးက Psycheရဲ့ အဖြစ်ကို ထပ်တူခံစားပြီး အလှနတ်သမီး Aphrodite (Venus) ဆီသွားဖို့ အကြံဥာဏ်ပေးလိုက်တယ်။

စိတ်ထိခိုက်တဲ့ မြှားနတ်မောင်လည်း မိခင် အလှနတ်သမီး Aphroditeရှေ့ ရောက်လာခဲ့တယ်။ Psyche ကို သားဖြစ်သူ မြှားနတ်မောင်ပါ ချစ်ခဲ့မိတဲ့အတွက် အရမ်းဒေါသထွက်ခဲ့တယ်။ ဒါကြောင့် Psyche သူ့ကို လာရှာတဲ့အချိန် အလှနတ်သမီးက အညှိုးနဲ့ Psycheကို အခိုင်းအစေတစ်ယောက်လို ခိုင်းစေခဲ့တယ်။ ဒီအတွက် Psyche အမုန်းမပွါးခဲ့ပါဘူး။ အလှနတ်သမီးနဲ့ မြှားနတ်မောင်တို့ရဲ့ ခွင့်လွှတ်ခြင်းကိုပဲ သူတောင့်တခဲ့တယ်။

Psycheကို ပထမဆုံး ခိုင်းစေတဲ့အလုပ်က စပါးကျီထဲမှာ ရောနှောနေတဲ့ ကောက်ပဲသီးနှံတွေကို တစ်ရက်အတွင်းပြီးအောင် အမျိုးအစားရွေးဖို့ ဖြစ်တယ်။ တောင်လိုပုံနေတဲ့ သီးနှံတွေကို ကြည့်ပြီး Psyche အ,သွားခဲ့တယ်။ ဒီလောက်များတဲ့ သီးနှံတွေကို တစ်ရက်အတွင်း သူတစ်ယောက်တည်း ရွေးဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ Psycheကြောင့် ကြေကွဲထိခိုက်ခဲ့တယ်ဆိုပေမယ့် Psycheကို မြှားနတ်မောင် မေ့မရခဲ့ဘူး။ ဒါကြောင့် ပုရွတ်ဆိတ်တွေကို ခေါ်ပြီး Psyche ကို ကူညီစေခဲ့တယ်။ ပုရွတ်ဆိတ်တွေရဲ့ အကူအညီကြောင့် မိုးမချုပ်ခင် သီးနှံတွေကို သူပြီးအောင် ခွဲနိုင်ခဲ့တယ်။ ခိုင်းတဲ့အလုပ် ပြီးခဲ့ပေမယ့် အလှနတ်သမီးက မကျေနပ်ခဲ့ဘူး။ Psyche ကို နောက်တစ်မျိုး ခိုင်းစေခဲ့ပြန်တယ်။

Psyche ကို ဒုတိယခိုင်းစေတဲ့ အလုပ်က ရွှေရောင်သိုးမွေးတွေကို နုတ်ယူဖို့ဖြစ်တယ်။ ဒီလောက်များတဲ့ ပိုင်ရှင်မဲ့ သိုးအုပ်ကြားထဲကနေ သူ့တစ်ယောက်တည်း သိုးမွေးကို နုတ်ယူဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ Psyche စိတ်ညစ်နေတုန်း တိရစ္ဆာန်စောင့်နတ် Pan က နားနားကပ်ပြီး ဒီသိုးတွေ ဆူးချုံနားမှာ မြက်သွားစားကြောင်း၊ ဆူးချုံမှာငြိနေတဲ့ သိုးမွေးတွေကို သွားရောက်ယူနိုင်ကြောင်း ပြောလိုက်တယ်။ Pan ရဲ့ ညွှန်ကြားမှုနဲ့ အလှနတ်သမီး လိုချင်တဲ့ သိုးမွေးတွေကို ခဏချင်းမှာ သူရခဲ့တယ်။

တချို့က ဒုတိယခိုင်းစေချက်မှာ အလှနတ်သမီးက နတ်ဗိမာန်နောက် ဂူထဲမှာရှိတဲ့ ရေကိုခပ်ဖို့ Psyche ကို ခိုင်ခန့်တဲ့ ကြိုးတစ်ချောင်း ကျစ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီရေက နတ်အပေါင်းကို လှပချောမွေ့စေခဲ့ ရေဖြစ်တယ်။ အမိန့်အတိုင်း ဂူနား Psyche ရောက်လာခဲ့ပေမယ့် ဘယ်အရာနဲ့ ကြိုးကျစ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ မြက်တွေကိုက်ချီထားတဲ့ ငှက်အုပ်တစ်အုပ် ပျံလာခဲ့တယ်။ ငှက်တွေဟာ Psyche အတွက် ခိုင်ခန့်တဲ့ ကြိုးတစ်ပင် အမြန်ကျစ်ပေးလိုက်တယ်။ ဒီလိုနဲ့ ရေကို သူခပ်နိုင်ခဲ့တယ်။

ခိုင်းစေသမျှကို Psyche ပြီးအောင် လုပ်ပေးခဲ့သည့်တိုင် အလှနတ်သမီး မကျေနပ်ခဲ့ဘဲ တတိယအလုပ်ကို ခိုင်းစေပြန်တယ်။ Psyche ကို ငရဲဆီသွားစေပြီး ငရဲမင်းကြီး Persephone ရဲ့ နုပျိုဆေးကို ယူဖို့ ခိုင်းခဲ့တယ်။ Psycheက ငရဲမင်းကို လာရင်းအကြောင်း ပြောပြတော့ ငရဲမင်းက သူ့ကို ဗူးတစ်ဗူးပေးပြီး ဖွင့်မကြည့်ဖို့ အထပ်ထပ် မှာလိုက်တယ်။

ငရဲမင်းပေးတဲ့ ဗူးကိုယူပြီး Psyche ပြန်ခဲ့တယ်။ အပြန်လမ်းမှာ ရင်ထဲက နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့ သိလိုစိတ်ကို Psyche တားမရခဲ့ပြန်ဘူး။ ဒါကြောင့် လမ်းတစ်ဝက်ရောက်တာနဲ့ ဗူးကို ဖွင့်ကြည့်လိုက်မိတယ်။ ဗူးထဲထည့်ထားတဲ့ အအိပ်တစ္ဆေက Psycheကို ရုတ်တရက် လွှမ်းခြုံလိုက်တယ်။ ဒီလိုနဲ့ Psycheတစ်ယောက် မြေပြင်ပေါ်လဲကျပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။

Psyche ပြန်အလာကို မြှားနတ်မောင် စိုးရိမ်တကြီး စောင့်နေခဲ့တယ်။ ဒါပေမယ့် ရက်တွေလွန်သွားတဲ့အထိ Psyche ရဲ့ သတင်းအစအနကို မရခဲ့ဘူး။ Psycheကို ကိုယ်တိုင်ထွက်ရှာဖို့ မြှားနတ်မောင် ထွက်လာခဲ့တယ်။ လမ်းတစ်ဝက်မှာ အိပ်မောကျနေတဲ့ Psyche ကိုတွေ့တာနဲ့ အအိပ်တစ္ဆေကြောင့်ဆိုတာကို သူသိလိုက်တယ်။ အအိပ်တစ္ဆေကို ဗူးထဲပြန်ထည့်လိုက်မှ Psyche နိုးလာခဲ့တယ်။

အဲဒီကိစ္စပြီးနောက် မြှားနတ်မောင်က Olympus တောင်တန်းဆီသွားပြီး Psycheနဲ့သူ လူ၊ နတ်နှောင့်ယှက်တဲ့ရန်က ကင်းဝေးပြီး ထာဝရ ပေါင်းဖက်နိုင်ဖို့ နတ်အပေါင်းတို့ရဲ့ ဘုရင် Zeus နတ်မင်းဆီ (ရောမအခေါ် Jupiter) အကူအညီ သွားတောင်းခဲ့တယ်။ သူတို့ရဲ့ အချစ်စစ်က Zeus နတ်မင်းကို ခံစားစေခဲ့တယ်။ ဒါကြောင့် Zeus နတ်မင်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းကို တစ်ခါလောက် ချိုးဖောက်ပြီး Psyche ကို နတ်အသွင်ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးမှာ မြှားနတ်မောင်နဲ့ Psyche ရာသက်ပန် ပေါင်းစပ်ခွင့်ရသွားခဲ့ပါတယ်။

ကြွက်ကလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်



ရာသီဥတုက အအေးလွန်ကဲနေခဲ့တယ်။ ရိတ်သိမ်းချိန်ကျော်လွန်ခဲ့လို့ လယ်ကွင်းတွေမှာ အစာတွေရှားစပြုလာတယ်။ ဆောင်းဦးရာသီမှာ တွင်းထဲစုဆောင်းခဲ့တဲ့အစာတွေကလည်း လယ်သမားတွေရဲ့ ထွန်တုံးအောက်မှာ ပျက်စီးသွားခဲ့ရတယ်။

နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ?

အိပ်မောကျနေတဲ့ ဇနီးရဲ့ တစ်နေ့တခြားကြီးလာတဲ့ ဗိုက်ကိုကြည့်ရင်း ကျွန်တော်စိတ်ညစ်နေခဲ့မိတယ်။ မကြာခင် ကျွန်တော်အဖေဖြစ်တော့မယ်။ ယောက်ျားတစ်ယောက်ရဲ့တာဝန်ကို လုံးလုံးလျားလျား ထမ်းဆောင်ရတော့မယ်။ ခုတော့... အိမ်ထဲမှာ စားစရာတစ်စက်မှ ရှိမနေခဲ့ဘူး။ မြက်ပင်တွေစားပြီး ကျွန်တော်နေလို့ရပေမယ့် ဇနီးကို အဆာခံလို့မဖြစ်ဘူး။ အထူးသဖြင့် သူ့ဗိုက်ထဲက ကျွန်တော်တို့ရဲ့သားကို အငတ်ခံလို့မဖြစ်ဘူး။

အဲဒီတုန်းက သူ့ကိုကျွန်တော်ယူမယ်ဆိုတော့ ဆင်းရဲတဲ့ကျွန်တော့်ကို သူ့မေမေက သဘောမတူခဲ့ဘူး။

"ကျွန်တော်အသက်ရှင်နေသရွေ့ ခင်ဗျားသမီးကို အငတ်မခံစေရဘူး"လို့ ကျွန်တော်ဂတိပြုမှ ယောက္ခမက သမီးကို ပေးရဲခဲ့တယ်။ အဲဒီနေ့ကစ ကျွန်တော်ဟာ ကမ္ဘာပေါ်က အပျော်ဆုံးကြွက်တစ်ကောင် ဖြစ်ခဲ့တယ်။ သူ့အတွက် ကျွန်တော်အရာရာပေးဆပ်ခဲ့တယ်။ သူ့ကိုတစ်ချက်မှ စိတ်ညစ်မခံစေခဲ့ဘူး။ သူ့ကို ကမ္ဘာပေါ်က ဒုတိယအပျော်ဆုံးကြွက်တစ်ကောင်ဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ သူ့ကိုချစ်တဲ့ ကျွန်တော်ရဲ့အချစ်က ကျွန်တော့်ကိုယ်ကျွန်တော်ချစ်တာထက် ပိုများခဲ့တယ်။

သူ့အတွက်ဆိုရင် သူ့လက်သည်းထဲက အညစ်အကြေးတွေကို ကျွန်တော့်သွားနဲ့ ညင်ညင်သာသာ ကိုက်ထုတ်ပေးဖို့ ကျွန်တော်ဝန်မလေးခဲ့ဘူး။ ရွာသူကြီးရဲ့သမီးနောက်ကနေ သူကြိုက်တဲ့နေကြာစေ့တွေ လိုက်ကောက်ပေးဖို့ ကျွန်တော်မကြောက်ခဲ့ဘူး။ သူ့အတွက် သီချင်းတိုးတိုးလေးညည်းရင်း အိပ်ပျော်သွားတဲ့ သူ့ကိုကြည့်ပြီး တစ်ညလုံးမအိပ်ဘဲလည်း ကျွန်တော်နေနိုင်ခဲ့တယ်။

သူ့ကို အဲဒီလောက်တောင် ကျွန်တော်ချစ်တယ်။
လင်းလက်တဲ့ သူ့မျက်လုံးလေးကိုချစ်တယ်။
ချွန်မြမြ သူ့ပါးစပ်လေးကို ချစ်တယ်။
နူးနူးညံ့ညံ့ သူ့နှာခေါင်းလေးကို ချစ်တယ်။
အညိုရောင် သူ့အသားအရေကိုချစ်တယ်။
ဒါပေမယ့်.... ဒါပေမယ့်.... အခုတော့ သူ့အတွက် မနက်ဖြန်မနက်စာကို ကျွန်တော်မပြင်ဆင်ပေးနိုင်ခဲ့ဘူး။ သူ့ကိုကျွန်တော်ချစ်တယ်။ ဒါပေမယ့် မနက်ဖြန်အစာ ဘယ်မှာရှာလို့ရနိုင်မယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။

ကျွန်တော် အစာထပ်သွားရှာကြည့်မယ်။ ဆောင်းဦးက ရိတ်သိမ်းခဲ့တဲ့ စပါးအကြွင်းအကျန် တစ်စေ့တလေလေးတော့ ရွံ့ဗွက်တွေထဲမှာ ရှိကောင်းပါရဲ့။ (၁ဝ)ခေါက်ကျော် ကျွန်တော်ရှာခဲ့ပေမယ့်၊ လက်သည်းတွေ သွေးထွက်တဲ့အထိ ကျွန်တော်တူးဆွ ရှာဖွေခဲ့ပေမယ့် လက်ဗလာနဲ့ပဲ အိမ်ပြန်ခဲ့ရတယ်။

အစ်ကို၊ အစ်မတွေဆီ သွားတောင်းကြည့်ပါဦးမယ်။ မရီးက ခါတိုင်းလိုကျွန်တော့်ကို မဆဲမဆိုဘဲ ကိုယ်ချင်းစာစာနဲ့ အစာတချို့ပေးမယ်ထင်ပါရဲ့။ သူ့အတွက်နဲ့ ရှေ့မျက်နှာနောက်ထားပြီး (၇)ခေါက်လောက် ကျွန်တော်သွားတောင်းခဲ့ပေမယ့် သွားတောင်းတိုင်း မရီးရဲ့ အဆူအဆဲကိုပဲ ခံခဲ့ရတယ်။

ရွာထဲက အိမ်ကြွက်တချို့ဆီ ကျွန်တော်သွားတောင်းကြည့်ပါဦးမယ်။ သွားတောင်းတိုင်း ကျွန်တော် အထုအထောင်းခံခဲ့ရပေမယ့်၊ သွားတောင်းတိုင်း လယ်ကြွက်လုပ်ပြီး အိမ်ကြွက်ဆီမှာ လာတောင်းစားရသလားလို့ အပြောခံခဲ့ရပေမယ့် သူ့အတွက်နဲ့ ဒီလိုအထုအထောင်း၊ အဆဲအဆိုကို ကျွန်တော် မမူခဲ့ဘူး။

လက်ဗလာနဲ့ အိမ်ကိုကျွန်တော်ပြန်ရောက်လာတယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူ့ကိုကြည့်ပြီး ဒီနေ့တစ်နေ့လုံး သူဘာမှမစားရသေးဘူးဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော်အသဲတွေ ဓားနဲ့မွှန်ထားသလိုပါပဲ။ ကျွန်တော်လည်း အစာမစားရတာ သုံးရက်ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်က ယောက်ျားပါ။ သူ့ကို အဆာခံထားလို့တော့ မဖြစ်ဘူး။ ဒါပေမယ့် အစာလေးတစ်စက်ရဖို့ ကျွန်တော်မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်တော်ငိုချင်လာတယ်။ ဒါပေမယ့် မျက်ရည်တွေ ထွက်ကျမလာခဲ့ဘူး။ ကျွန်တော်ဟာ အိမ်ဦးနတ်ပါ။ သူ့ကိုဘယ်လိုအန္တရာယ်၊ ဘယ်လိုဒုက္ခနဲ့ ဘယ်တော့မှ မခံစေရဘူးလို့ ကျွန်တော်ဂတိပေးထားတယ်။ ငိုဖို့ကျွန်တော်မေ့သွားပြန်တယ်။ အိမ်အပြင်ကို ကျွန်တော်ထွက်လိုက်ပြန်တယ်။ ဆောင်းလေးအေးအေးတွေက ငတ်မွတ်နေတဲ့ ကျွန်တော်ခံစားချက်ကို တိုက်ထုတ်နိုင်လိမ့်မယ် ထင်ပါရဲ့.....

"ကြွက်ကလေး.. ကြွက်ကလေးရေ... ဒီနေ့တစ်နေ့လုံး နင့်ကိုငါကြည့်နေတယ်။ နင်ဘာဖြစ်နေလဲ? ဆာလွန်းလို့ နင်တုန်နေတာလား?"

ကျွန်တော့်ကို လူတွေမေ့နေကြပြီလို့ ကျွန်တော်ထင်ခဲ့တယ်။ ခုတော့ ကျွန်တော်ကို မှတ်မိတဲ့သူ ရှိနေသေးတဲ့အတွက် ဝမ်းသာမိပါတယ်။ အသံလာရာဆီ ကျွန်တော် ခေါင်းမော့ကြည့်လိုက်တော့ ခိုအစ်မကြီးကို တွေ့တယ်။

"ခိုအစ်မရေ... စားစရာတွေကို ကျွန်တော်ရှာမတွေ့လို့ပါ"

"မြို့ထဲသွားပါလား! မြို့ထဲမှာ စားစရာတွေပေါတယ်။ တောင်ဖက်တည့်တည့်သွားရင် မြို့ရောက်ပြီ" ခိုက ပြောပြောဆိုဆို ထပျံသွားတယ်။

မြို့ထဲ! ဒီရွာမှာ ကျွန်တော့်အဘိုးတစ်ယောက်ပဲ မြို့သွားဖူးတယ်။ မြို့ပေါ်မှာ စားလို့ကောင်းတဲ့အစာတွေ နေရာတိုင်းမှာရှိကြောင်း ကျွန်တော်ငယ်ငယ်က အဘိုးမဆုံးခင် ပြောပြခဲ့ဖူးတယ်။ မြို့မှာ ကောင်းကင်ပေါ်က တိမ်တွေဟာ ချိုသတဲ့။ မြေကြီးပေါ်က ကျောက်ခဲတွေဟာ ချောကလက်တွေတဲ့....

အင်း... မြို့ထဲသွားမယ်။ ဒီလိုတွေးနေရင်း ကျွန်တော်ဗိုက်တွေ မဆာတော့ဘူး။ အချစ်ရဆုံးသူ့ကိုခေါ်ပြီး ကျွန်တော်မြို့တက်မယ်။

သူ့ကိုကျွန်တော်နှိုးလိုက်တယ်။ သူ့ကိုခေါ်ပြီး မနက်ဖြန် မြို့တက်ပစ္စည်းပို့မယ့် ဦးကြီးနွားဆီ ကျွန်တော်တို့ကို မြို့ထဲပေးလိုက်ဖို့ သွားတောင်းဆိုတယ်။ ဦးကြီးနွားက ကျွန်တော်တို့ကို သနားပြီး သူ့နားရွက်ထဲ ဝင်ပုန်းပြီးလိုက်ဖို့၊ မသံမထွက်ဖို့၊ အိမ်ကြီးရှင် မသိဖို့ပြောတယ်။

ကျွန်တော်ပျော်မိတယ်။ မနက်ဖြန် ကျွန်တော်တို့မြို့တက်တော့မယ်။ ကျွန်တော်ချစ်ရတဲ့သူကို အငတ်မခံစေတော့ဘူး။

နောက်တစ်နေ့မနက်စောစောမှာ ဦးကြီးနွားရဲ့ နားရွက်ထဲပုန်းအောင်းပြီး ကျွန်တော်တို့ မြို့ထဲလိုက်ပါခဲ့တယ်။

ကျွန်တော်နဲ့ဇနီး ဦးကြီးနွားရဲ့နားရွက်ကို တင်းတင်းဆုပ်ကိုင်ပြီး သွားခဲ့တယ်။ အချိန်ဘယ်လောက်ကြာသွားတယ် မသိပါဘူး။ ဦးကြီးနွားရဲ့ "ဆင်းတော့.. မြို့ရောက်ပြီ"ဆိုတဲ့ အော်သံကြားမှ နားရွက်ထဲကနေ ကျွန်တော်တို့ဝမ်းသာအားရ ခုန်ချလိုက်ကြတယ်။ ဦးကြီးနွားကို ကျေးဇူးတင်ကြောင်း ဂါဝရပြုပြီး မြို့ထဲကို ကျွန်တော်တို့ဝင်ခဲ့ကြတယ်။ ဝေးဝေးတစ်နေရာရောက်တော့ နှာမှုတ်သံလား! သက်ပြင်းချသံလား မသိတဲ့ အသံတစ်သံကို ဦးကြီးနွားဆီကနေ ကြားလိုက်မိတယ်။

ကောင်းကင်ကို ကျွန်တော်မော့ကြည့်လိုက်မိတယ်။ ထိုးထိုးထောင်ထောင် တိုက်တွေက ကျွန်တော်မျက်စိရှေ့ ကန့်လန့်ဖြတ်ဝင်ခဲ့လို့ ကောင်းကင်ကို ကျွန်တော်မတွေ့ခဲ့ရဘူး။ မြေပြင်ကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်။ အထပ်ထပ်ခင်းထားတဲ့ အင်္ဂတေကြောင့် မြေကြီးကို ကျွန်တော်မတွေ့ခဲ့ရဘူး။

ကျွန်တော်နဲ့ဇနီး နံရံထောင့်တစ်ခုမှာ တွန့်တွန့်ဆုတ်ဆုတ် ရပ်နေကြတယ်။ မျက်စိရှေ့က လမ်းမပေါ်မှာ ပျားပန်းခတ် လှုပ်ရှားသွားလာနေကြတဲ့ လမ်းသွားလမ်းလာတွေ၊ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတဲ့ ကားတွေကြောင်း ကျွန်တော်တို့မျက်စိပြာပြီး ခေါင်းမူးခဲ့ကြရတယ်။ ဆူညံနေတဲ့အသံတွေက ကျွန်တော်တို့ခေါင်းကို ခွဲမတတ်ပါပဲ။ ဒီနေရာမှာ ကျွန်တော်ဟာ တကယ့်သူစိမ်းတစ်ယောက် လုံခြုံတဲ့နေရာလေးတစ်ခုတောင် ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ ရွာကို ကျွန်တော်သတိရလာမိတယ်.....

လယ်ထဲမှာ စားစရာတချို့တော့ ရှာတွေ့ကောင်းရဲ့။ မရီးလည်း ကိုယ်ချင်းစာပြီး ကျွန်တော်တို့ကို အစာတချို့ပေးတန်ကောင်းရဲ့။ အိမ်ကြွက်တွေလည်း ကျွန်တော်တို့အပေါ် ချစ်ခင်တန်ကောင်းရဲ့.....

ဒါပေမယ့် မြို့ပေါ်မှာ ကျွန်တော်သတ္တိနည်းနည်းမှ ရှိမနေခဲ့ဘူး။ နေချင်စိတ်လည်း မရှိခဲ့ဘူး။ ကျွန်တော်စပြီး ငိုချင်လာမိတယ်။

မျက်လုံးစူးရှတဲ့ဇနီးက "မောင်... လမ်းမရဲ့ဟိုဖက်ခြမ်းက ပြတင်းပေါက်မှာ ကိတ်မုန့်တွေအများကြီးပဲ"လို့ ထအော်တယ်။

ကိတ်မုန့်တွေကို ကျွန်တော်လည်းတွေ့လိုက်တယ်။ ကျွန်တော်တို့ နောက်ဆုံးကိတ်မုန့်စားချိန်က သူ့မွေးနေ့မှာဖြစ်တယ်။ အဲဒီတုန်းက သူကြီးရဲ့သားအငယ်ဆုံး လက်ထဲကနေ ကိတ်မုန့်တစ်ဖပ်ကို ကျွန်တော်အသက်စွန့်ပြီး လုယူလာခဲ့တယ်။ အဲဒီတုန်းက သူ့ကို ကျွန်တော်ပိုးပန်းဆဲဖြစ်တယ်။ ချိုမြိန်လိုက်တဲ့ အတိတ်ကဖြစ်ရပ်လေး... ကိတ်မုန့်ကို သူအရမ်းကြိုက်တယ်။ တွေးနေရင်း ရုတ်တရက် ကျွန်တော်ခွန်အားတွေရလိုက်တယ်။ ရင်ဘတ်ကိုပုတ်ပြီး "လာ... မောင်တို့ လမ်းဖြတ်ပြီး ကိတ်မုန့်သွားယူရအောင်" လို့ ပြောလိုက်တယ်။

သူ့လက်ကိုဆွဲပြီး လူတွေရဲ့ကြားထဲ ကျွန်တော်ဖြတ်ဝင်လိုက်တယ်။ လူတွေများလွန်းနေတယ်။ ကျွန်တော်တို့ ဟိုခုန်ဒီခုန်နဲ့။ သူ သတိလက်မဲ့ဖြစ်ပြီး မိန်းမဝကြီးတစ်ယောက်ရဲ့ ဖိနပ်ပေါ် ခုန်တက်မိသားဖြစ်သွားတယ်။ မိန်းမကြီးရဲ့ငယ်သံပါတဲ့ အော်သံကြောင့် လမ်းမပေါ်က လူတွေရဲ့အာရုံက ကျွန်တော်တို့အပေါ် ကျရောက်လာခဲ့တယ်။ လူအများက ခြေထောက်နဲ့ ကျွန်တော်တို့ကို တက်နင်းကြတယ်။ လက်ထဲက စာအုပ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပေါက်ကြတယ်။ သူ့ကိုအကာအကွယ်ပေးရင်း ကျွန်တော်အတင်းရှောင်ခဲ့တယ်။ ဒီလိုအချိန်ကျမှ "လမ်းဖြတ်တဲ့ကြွက်ကို လူတိုင်းဝိုင်းရိုက်ကြတယ်" ဆိုတဲ့အဆိုကို ကျွန်တော်နားလည်လိုက်တယ်။ ဒါဟာ ကျွန်တော်တို့ကြွက်တွေအဖို့ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ အဖြစ်လည်းနော်!

ကျွန်တော်တို့ကံကောင်းသွားတယ်။ ရှေ့မှာ ရေချောင်းတစ်ခုကိုတွေ့လို့ သူ့လက်ကိုဆွဲပြီး ရေချောင်းထဲ ကျွန်တော်တို့ ခုန်ချလိုက်ကြတယ်။ လမ်းမကို ကျွန်တော်တို့ဖြတ်နိုင်ခဲ့တယ်ဆိုပေမယ့် ရေချောင်းထဲခုန်ချချိန် ကျွန်တော့်ခြေတစ်ဖက် ခေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပါတယ်။ ကျွန်တော်ကြောင့် သူ့ကို အစိုးရိမ်မလွန်ချင်ခဲ့ဘူးလေ....

တအောင့်ကြာမှ၊ လမ်းမပေါ်ကလူတွေ ကျွန်တော်တို့နှစ်ယောက်ကို မေ့လောက်ချိန်ရောက်မှ သူ့ကိုရေချောင်းထဲမှာ ပုန်းနေစေပြီး ကျွန်တော်တစ်ယောက်တည်း အပေါ်ကိုတိတ်တဆိတ် တက်လာခဲ့တယ်။ နံရံတစ်လျှောက် ပုန်းခိုပြီး ကိတ်မုန့်ဆိုင်ဘက်ကို ကျွန်တော်တစ်လှမ်းချင်း စမ်းသွားလိုက်တယ်။ ၃လှမ်းမြောက်မှာ ကိတ်မုန့်တွေကို ကျွန်တော်တွေ့လိုက်တယ်။ ကိတ်မုန့်တွေဆီ ကျွန်တော်ခုန်အုပ်လိုက်တယ်။

"ဒုန်း..."ဆိုတဲ့ အသံနဲ့အတူ တစ်ခုခုကို ကျွန်တော်တိုက်လိုက်မိတယ်။ ဒါပေမယ့် ကျွန်တော်ရှေ့မှာ ကိတ်မုန့်ကလွဲပြီး ဘာမှရှိမနေဘူး။ ကျွန်တော်ခေါင်းမှာ ဘုကြီးတစ်လုံးထလာတယ်။ ကိတ်မုန့်နဲ့ကျွန်တော်ကြားမှာ တစ်ခုခုခြားထားမှန်း ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် ဘာခြားထားမှန်းတော့ ကျွန်တော်မသိဘူး။ ကြည်လင်တဲ့အရာတစ်ခုက ကျွန်တော်နဲ့ကိတ်မုန့်ကို ကာဆီးထားတယ်။ ဒါဟာ မြို့ကလူတွေ ကျွန်တော်တို့ကြွက်တွေကို လှည့်စားတဲ့ လှည့်စားနည်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဆိုင်ထဲကို ကျွန်တော်ချောင်းမြောင်းကြည့်လိုက်တယ်။ ဆိုင်ထဲမှာ လူတွေချည်းပဲ။ အင်္ကျီဖြူဝတ်ထားတဲ့သူ ကြည့်ရတာ အရမ်းရက်စက်မယ့်ပုံပဲ။ လမ်းမပေါ်မှာ ကြုံခဲ့တဲ့အဖြစ်တွေကြောင့် မြို့ပေါ်ကလူတွေကို ကျွန်တော်ကြောက်ရွံ့နေမိတယ်။ နေ့လယ်ကြောင်တောင်မှာ သူတို့မျက်စိအောက်က ကိတ်မုန့်ကိုသွားလုဖို့ ကျွန်တော်သတ္တိရှိမနေခဲ့ဘူး။ မတတ်နိုင်ဘူး... မိုးချုပ်တဲ့အထိ ကျွန်တော်စောင့်ရတော့မယ်။

ရေချောင်းထဲရောက်ချိန် သူ့ကိုကျွန်တော် တင်းတင်းဖက်ထားလိုက်မိတယ်။ ကျွန်တော့်နားရွက်ကို သူ့ဗိုက်နားကပ်ထားလိုက်တယ်။ ဗိုက်ထဲက သားလေးရဲ့အသံကို ကျွန်တော်နားစွင့်မိတယ်။ သူ့ဗိုက်ထဲက တကွိကွိမြည်သံကိုပဲ ကျွန်တော်ကြားလိုက်ရတယ်။ ကျွန်တော့်မျက်လုံးထဲက မျက်ရည်တွေ မျက်ထောင့်ကနေ လျောကျလာခဲ့တယ်။ ဆိုနင့်တဲ့အသံနဲ့ "ဆောရီး ရှင်မရယ်... မောင်နဲ့အတူနေရတာ ရှင်မ ပင်ပန်းလှပါပြီ" လို့ သူ့ကို ကျွန်တော်ပြောမိတယ်။ သူက ကျွန်တော်ခေါင်းထက်က ဘုကို ပွတ်သပ်ပေးရင်း "နာနေသေးလား? မောင်နဲ့အတူနေရတာ ရှင်မ ပျော်ပါတယ်" လို့ ပြောတယ်။

ညအမှောင်ကို ရောက်လာခဲ့ပါပြီ။ သူနဲ့ကျွန်တော် ကိတ်မုန့်ဆိုင်ဖက် အပြေးလေးလာခဲ့တယ်။ ဆိုင်ထဲမှာ လူတစ်ယောက်မှ ရှိမနေတော့ဘူး။ တံခါးအောက်ကနေ ဆိုင်ထဲကို ကျွန်တော်တို့ တိတ်တဆိတ်ဝင်ရောက်ခဲ့ကြတယ်။ ဆိုင်ထဲက နေရာတိုင်းမှာ ကိတ်မုန့်တွေချည်းပဲ။ ကျွန်တော်ရူးမတတ် ပျော်မိတယ်။ သူ့ကိုပွေ့ဖက်နမ်းရှုံ့ရင်း "ရှင်မရေ.. ရှင်မ... ရှင်မဗိုက်ပြည့်အောင် မောင်လုပ်နိုင်ခဲ့ပါပြီ"လို့ ကျွန်တော်ဆိုတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ပျော်ရွှင်မှုက ချက်ချင်းရိုက်ချိုးခံလိုက်ရတယ်။ နေ့လယ်တုန်းကအတိုင်းပဲ ကိတ်မုန့်တွေကို ကြည်လင်တဲ့ဗူးတစ်ခုနဲ့ ခြားထားတာကို တွေ့လိုက်ရတယ်။ ဘယ်လိုလုပ်လုပ် ကိတ်မုန့်ကို ဖွင့်မရခဲ့ဘူး။ မြင်သာမြင်ရပြီး ကိုင်လို့မရခဲ့ဘူး။ ကျွန်တော်စိတ်တွေ လှုပ်ရှားလာပြန်တယ်။

"မောင်.... ဒီမှာ ကိတ်မုန့်တစ်တုံးကျနေတယ်" သူက ကျွန်တော့်ကို အော်ပြောတယ်။

ကျွန်တော်ကြည့်လိုက်တော့ တကယ့်ကိတ်မုန့်တစ်တုံးပါပဲ။ ဒါပေမယ့် ကိတ်မုန့်ဘေးမှာ ညှပ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ မြို့ပေါ်ကလူတွေ ကျွန်တော်တို့ကို ကိတ်မုန့်နဲ့မြူဆွယ်ပြီး ထောင်ဖမ်းဖို့မှန်း ကျွန်တော်သိလိုက်တယ်။ ဒီလိုထောင်ချောက်မျိုးက ကျွန်တော်တို့ တောမှာလည်းရှိတယ်။ ကျွန်တော်မြင်ဖူးခဲ့တာ အကြိမ်ကြိမ်ပါ။ ကိတ်မုန့်ကို တစ်နည်းနည်းနဲ့ရအောင်ယူဖို့ ကျွန်တော်အတွက် မခက်ခဲခဲ့ပါဘူး။ ရွာမှာတုန်းက ကျွန်တော့်အမြီးကိုသုံးပြီး ညှပ်အောက်က လိုချင်တဲ့အရာကို ကျွန်တော်ကော်ကော်ထုတ်ခဲ့ဖူးတယ်။ အဲဒီညှပ်စုတ်တွေ ကျွန်တော်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် မြို့ပေါ်ကလူတွေက ကောက်ကျစ်ကြတယ်။ သူတို့ရဲ့ညှပ်ကလည်း ကောက်ကျစ်မယ် ထင်ပါတယ်။ ဒါပေမယ့် သူ့အတွက်နဲ့ ကျွန်တော်ကြိုးစားကြည့်ဦးမယ်။

မြေပေါ်မှာ ကျွန်တော်တွားသွားလိုက်တယ်။ ဂရုတစိုက်နဲ့ အမြီးကို ညှပ်အောက်ထဲထိုးထည့်ပြီး ကိတ်မုန့်ကို ကော်လိုက်တယ်။ တစ်လက်မ၊ နှစ်လက်မ၊ သုံးလက်မ.... ညှပ်ထဲကနေ ကိတ်မုန့်တဖြေးဖြေး အပြင်ထွက်လာခဲ့တယ်။

"ဗိုက်ထဲက ကလေးအတွက် ဒီကိတ်မုန့်ကို အကုန်စားလိုက်ပါ ရှင်မ" သူ့ကို ကျွန်တော်အမိန့်ပေးလိုက်တယ်။

"ဟင့်အင်း... မောင့်တစ်ဝက်၊ ရှင်မ တစ်ဝက်စားမယ်"

သူ့အပြောကို ကျွန်တော်ဂရုမစိုက်ဘဲ ကိတ်မုန့်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ်။

"စားစမ်းပါ..."

ကျွန်တော် အသံမာမာနဲ့ပြောမိတယ်။ ဒါဟာ လက်ထပ်ပြီး ပထမဆုံးအကြိမ် သူ့ကို အသံမာမာနဲ့ ပြောခြင်းပါပဲ။

ကိတ်မုန့်စားပြီး အချိန်သိပ်မကြာလိုက်ပါဘူး။ ရုတ်တရက် သူမြေပြင်ပေါ်မှာ လူးလွန်းရင်း "နာလိုက်တာ... နာလိုက်တာ...." လို့ ထအော်တယ်။

ကျွန်တော့်စိတ် တုန်ခနဲဖြစ်သွားမိတယ်။ သွားပြီ.... မြို့ကလူတွေ သိပ်ရက်စက်တယ်။ ညှပ်သုံးတဲ့အပြင် မျှားစာဖြစ်တဲ့ ကိတ်မုန့်ထဲမှာလည်း ကြွက်သတ်ဆေးတွေ ထည့်ထားတယ်။ ရွာကလူတွေက ဒီလိုမလုပ်တတ်ခဲ့ဘူး။ မြို့ပေါ်ကလူတွေ ကောက်ကျစ်လိုက်တာ.....

"ရေ... ရေ... ငတ်တယ်.. ရေငတ်တယ်..."

သူအသံမြင့်နဲ့ အော်တယ်။ ကျွန်တော်ရူးတော့တယ်။ ရေလိုက်ရှာတော့ အိမ်တစ်အိမ်လုံးမှာ ရေတစ်စက်တောင် မတွေ့လိုက်ရဘူး။

ကျွန်တော့်မှာ တံတွေးရှိတယ်.... သူ့ပါးစပ်နဲ့တေ့ပြီး တံတွေးတွေ ထုတ်နိုင်သမျှ ကျွန်တော်ထုတ်တယ်။ ရင်ဘတ်ထဲက သည်းခြေရည်တွေတောင် ထွက်မတတ် ကျွန်တော်ထွေးထုတ်နေမိတယ်။ ကျွန်တော် အာခေါင်တွေ ကွဲကြေမတတ်ပါပဲ။ ကျွန်တော်တံတွေးတွေ ထွက်မလာခဲ့တော့သလို သူ့အသံလည်း တဖြည်းဖြည်း တိုးတိုးလာခဲ့တယ်။ သူ့ပါးစပ်ထဲကနေ သွေးတွေ ထွက်စပြုလာတယ်....

ကျွန်တော်အပါး သေမင်းချည်းကပ်လာတာ ဒီလောက်မြန်ဆန်လိုက်မယ်လို့ ကျွန်တော်တစ်ခါမှ တွေးမထားမိခဲ့ဘူး။ သူ့ကို ကျွန်တော်တင်းတင်း ဖက်ထားမိတယ်။ အရူးတစ်ယောက်လို သူ့နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်ပေးနေတယ်။ ဒါပေမယ့် သွေးထွက်တဲ့နှုန်းတက်က ကျွန်တော်သုတ်ပေးတဲ့နှုန်းထက် မြန်နေခဲ့တယ်။ ကျွန်တော့်အပါးကနေ သူထာဝရခွဲသွားတော့မယ်၊ သူ့ကို ကျွန်တော်ဒီတစ်သက် ဆုံးရှုံးရတော့မယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိလိုက်တယ်။

ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး.... ကျွန်တော် လုံးဝ မငိုဘူး....

သူ့ကိုဖက်ရင်း ဘေးကညှပ်ပေါ် ကျွန်တော်ခုန်တက်လိုက်တယ်။

"ဖောင်း......"

ခါးရိုးကျိုးသံကို ကျွန်တော်ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

ကျွန်တော် မနာဘူး.. ကျွန်တော် မနာဘူး.... ကျွန်တော် မနာဘူး.. ကျွန်တော် နည်းနည်းမှ မနာဘူး.....

သူ့မျက်နှာကို နမ်းရှုံ့ရင်း အသံတိုးတိုးလေးနဲ့ သူ့ကိုပြောချင်တဲ့ နောက်ဆုံးစကားတစ်ခွန်းကို ကျွန်တော်ပြောလိုက်ပါတယ်။

"ရှင်မရယ်.. တကယ်လို့ နောင်ဘဝသာရှိမယ်ဆိုရင် ကြွက်ကလေးနှစ်ကောင်ပဲ ငါတို့လုပ်ပါရစေ။ ထုံထုံအအနဲ့ အချင်းချင်းချစ်ကြပြီး ရိုးရိုးရှင်းရှင်းနဲ့ ဘဝကိုဖြတ်ကျော်ကြမယ်။ နှင်းတွေကျနေပါစေ မြက်ခြောက်ပုံထဲမှာ နွေးနွေးထွေးထွေးနေပြီး ရှင်မကို တင်းတင်းကျပ်ကျပ် ဖက်ထားမယ်။ နောက်ပြီး....နောက်ပြီး.... ရှင်မ... ရှင်မရဲ့ နားရွက်ကို ညင်ညင်သာသာ ကိုက်ကစားမယ်.........."

မေမေ... သားရှာနေတာကြာလှပြီ!


(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့ မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့် မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။

အဲဒီနေ့မနက်က အသက်(၅ဝ)ရှိပြီဖြစ်တဲ့ စစ္စတာထရီယာတစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်ဖို့စီစဉ်ခဲ့တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက်ကလေးငိုသံကို သူကြားလိုက်မိတယ်။ အသံကြားရာဖက်ကို သူလှည့်ကြည့်တော့ တံခါးဝနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင်ဆံပင်နဲ့ ကလေးငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ စစ္စတာက ကလေးကို ကျောင်းထဲခေါ်ယူမွေးစားပြီး Derbyလို့ အမည်ပေးခဲ့တယ်။

(၇)နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။ Derbyတစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။ Derbyဟာ စိတ်သဘောထားကောင်းပေမယ့် စိတ်ကျ နွမ်းလျတတ်တဲ့အကျင့်ရှိတယ်။

နေသာတဲ့နေ့တွေမှာ စစ္စတာတွေက ကလေးတွေခေါ်ပြီး တောအုပ်အလွန် မြစ်ဘေးကမြက်ခင်းပြင်ဆီ သွားရောက် ဆော့ကစားတတ်ကြတယ်။ တောအုပ်မနီးမဝေးမှာရှိတဲ့ ရွာလူတွေက မိဘမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး သူတို့ကလေးကို "အဲဒီကလေးတွေက မိဘအစွန့်ပစ်ခံထားရတဲ့ ကလေးတွေ... နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်" လို့ ပြောတတ်ကြတယ်။

အဲဒီလိုစကားကြားတိုင်း Derby အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး စစ္စတာကို "စစ္စတာ... ကျွန်တော့်မိဘတွေက ဘာဖြစ်လို့ ကျွန်တော့်ကို မလိုချင်တာလဲ? ကျွန်တော်ကို သူတို့မချစ်လို့လား?"လို့ မေးတယ်။ ဒယ်ဘီရဲ့အသံထဲမှာ သူ့အသက်နဲ့မလိုက်တဲ့ ရှုပ်ထွေးမှုတွေပါနေခဲ့တယ်။ သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ "ဘာဖြစ်လို့ ဒီလိုတွေးရသလဲ?"လို့ဆိုတယ်။

"ကျွန်တော်တို့က မိဘတွေစွန့်ပစ်ထားတဲ့ ကလေးတွေလို့ လူတွေပြောကြတယ်" ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီဆိုတယ်။

"သားရဲ့မေမေကို စစ္စတာ မတွေ့ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာယုံတယ်။ လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူး။ သားမေမေ သားကိုစွန့်ပစ်ခဲ့ရတာက သူ့မှာအခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ဖြစ်မယ်"

စစ္စတာရဲ့နှစ်သိမ့်စကားကို ဒယ်ဘီဘာမှပြန်မပြောခဲ့တော့ဘူး။ အဲဒီကစ ဒယ်ဘီ ပိုကြီးပြင်းခဲ့တယ်လို့ ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး Rhineမြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။ အမေကိုလွမ်းဆွတ်တဲ့ ဒယ်ဘီရဲ့အလွမ်းတွေက မြစ်ရေတွေနဲ့အတူ စီးမျောသွားခဲ့တယ်။

(၂ဝဝ၃)ခုနှစ် မိခင်များနေ့ .... မိခင်များနေ့ရဲ့ နွေးထွေးကြည်နူးစရာမြင်ကွင်းတွေက အမေကို ပိုမျှော်လင့်တောင့်တစေအောင် ဒယ်ဘီရဲ့စိတ်ကို ထိုးဆွခဲ့တယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များနေ့ကို ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်ခဲ့တယ်။ အစီအစဉ်မှာ အမေအတွက် သားသမီးတွေရဲ့ တုန့်ပြန်မှုကို ဖော်ညွှန်းပြသခဲ့တယ်။ (၆)နှစ်အရွယ် ကလေးတစ်ယောက်က ချွေးတလုံးလုံးနဲ့ အမေကိုမြက်ရိတ်ကူခဲ့တယ်။ အမေက ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေခဲ့တဲ့ ရိုက်ကွက်တွေဖြစ်တယ်။ ဒါကို ဒယ်ဘီကြည့်ပြီး "ကျွန်တော်လည်း မိဘတွေကို ကူညီချင်လိုက်တာ သူတို့ဘယ်မှာလဲ?" လို့ စစ္စတာကိုမေးခဲ့တယ်။

ဒယ်ဘီရဲ့အမေးကို စစ္စတာပြန်မဖြေနိုင်ခဲ့ဘူး။ နှစ်တွေကြာခဲ့သည့်တိုင် ဒယ်ဘီမိဘရဲ့သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ် ဒယ်ဘီပြေးထွက်ခဲ့မိတယ်။ လမ်းမပေါ်မှာ အမေတွေကအများကြီး ဒါပေမယ့် ဒယ်ဘီအတွက် အမေတစ်ယောက်တောင် မပါခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုခဲ့မိတယ်။

လအတန်ငယ်အကြာမှာ အသက်(၉)နှစ်ရှိပြီဖြစ်တဲ့ ဒယ်ဘီတစ်ယောက် မိဘမဲ့ကျောင်းကခွါပြီး ကျောင်းနဲ့မနီးမဝေးက မူလတန်းကျောင်းမှာ ကျောင်းသွားတက်ခဲ့တယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမက သူတို့ကို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ ဘုရင်ကြီးက Go (ချက်ထိုး)ကစားတာကို အရမ်းနှစ်သက်ခဲ့ပြီး ကစားနည်းထီထွင်ခဲ့သူကို ဆုကြေးတွေချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ထီထွင်ခဲ့သူက သူ့ကို ဆန်စေ့အနည်းငယ်ချီးမြှင့်ဖို့ ဘုရင်ထံတောင်းဆိုခဲ့တယ်။ အဲဒီလူက ဆန်စေ့တွေကို ချက်ပျဉ်ပထမအကွက်မှာ တစ်စေ့တင်လိုက်တယ်။ အဲဒီနောက် ဒုတိယအကွက်မှာ ဆန်နှစ်စေ့၊ တတိယအကွက်မှာ နှစ်ဆတိုးပြီး ဆန်စေ့လေးစေ့တင်ခဲ့တယ်။ အဲဒီလို ဆတိုးပြီး ချက်ပျဉ်တစ်ခုလုံးကို ဆန်အပြည့်တင်လိုက်တယ်။ နောက်ဆုံးမှာ ဆန်အစေ့ပေါင်းစွာရခဲ့တယ်။ အဲဒီဆန်စေ့ပေါင်းတွေက ကမ္ဘာဆန်စေ့ပေါင်းရဲ့ ၁ဝဆဖြစ်ခဲ့တယ်။ အဲဒီအဆပေါင်းတွေကို သူချီးမြှင့်ခံခဲ့ရတယ်"

ဆရာမပြောတဲ့ပုံပြင်ကို နားထောင်ပြီး ဒယ်ဘီရဲ့မျက်လုံးတွေ အရောင်လက်သွားခဲ့တယ်။ တကယ်လို့ လူတစ်ယောက်ကို သူကူညီပြီး အဲဒီလူကို နောက်ထပ်လူ(၁ဝ)ယောက် ထပ်ကူညီခိုင်းမယ်။ ဒီလိုနည်းနဲ့ မေတ္တာတွေကို လက်ဆင့်ကမ်းပြီး တစ်နေ့မှာ ကိုယ့်မိဘပါ အကူအညီခံရမယ်လို့ ဒယ်ဘီတွေးမိတယ်။ အဲဒီနောက် လူတစ်ယောက်ကိုကူညီပြီးတိုင်း ကျေးဇူးတင်စကားပြောခံရချိန်မှာ ဒယ်ဘီက "တစ်ခြားလူ(၁ဝ)ယောက်ကို ခင်ဗျားကူညီတာဟာ ကျွန်တော့်ကို ကျေးဇူးတင်ရာရောက်တယ်"လို့ ဆိုခဲ့တယ်။

အကူအညီခံရသူတွေက ဒယ်ဘီရဲ့စိတ်ရင်းစေတနာကို ခံစားခဲ့ရသလို ဒယ်ဘီရဲ့ဒီလိုနည်းနဲ့ ဖြန့်ဝေလက်ဆင့်ကမ်းတဲ့မေတ္တာတွေက သူတို့ရင်ကို ရိုက်ခတ်ခဲ့တယ်။ ဒယ်ဘီရဲ့နည်းအတိုင်း လူ(၁ဝ)ယောက်ကိုကူညီပြီး အကူအညီခံရသူတိုင်းကို နောက်ထပ်လူ(၁ဝ)ယောက်စီ ထပ်ကူညီဖို့ သူတို့တောင်းဆိုခဲ့တယ်။ အဲဒီလိုနဲ့ မေတ္တာစက်ဝိုင်းတစ်ခုက မြို့လေးရဲ့နေရာအနှံ့မှာ ပြန့်နှံ့ခဲ့တယ်။

ဂျာမဏီက နာမည်ကြီး အစီအစဉ်တင်ဆက်သူ Rickကို ကူညီခဲ့မိမယ်လို့ ဒယ်ဘီ လုံးဝထင်မထားခဲ့မိဘူး။

Rickက အသက်(၅ဝ)အရွယ်ရှိတဲ့ ဂျာမဏီတီဗီလိုင်းက အစီအစဉ်တင်ဆက်သူဖြစ်တယ်။ သူ့ရဲ့ပြည့်ဝတဲ့ စင်ပေါ်အတွေ့အကြုံ၊ ဟာသဥာဏ်ကြောင့် ဂျာမန်တို့နှစ်သက်တဲ့ တင်ဆက်သူတစ်ဦးဖြစ်ခဲ့တယ်။ သူဟာနာမည်ကြီးသူတွေရဲ့ အပြင်ပန်းဟန်ဆောင်မှု၊ ကွယ်ဝှက်မှုတွေကို ထုတ်ဖော်ပြီး သူ့အစီအစဉ်မှာ တင်ဆက်ခဲ့တယ်။ လူတွေရဲ့သရုပ်အမှန်ကို မြင်ပေါင်းများခဲ့လို့ပဲလား! တီဗီလိုင်းတွေရဲ့ အပြိုင်အဆိုင်နဲ့ စိတ်ဖိအားကြောင့်လား! (၂ဝဝ၃)ခုနှစ်မှာ Rickတစ်ယောက် စိတ်ကျရောဂါခံစားခဲ့ရပြီး အလုပ်မှ ခဏရပ်နားခဲ့ရတယ်။ အောက်တိုဘာလမှာ Rickဟာ ခွင့်တစ်နှစ်ယူပြီး ကိုယ်လက်လန်းဆန်း ပြန်ကျန်းမာလာအောင် ခရီးထွက်ဖို့ စီစဉ်ခဲ့တယ်။

အဲဒီနောက် Rickတစ်ယောက် ဒယ်ဘီနေတဲ့မြို့လေးကို ရောက်လာခဲ့တယ်။ လှပတဲ့ Rhineမြစ်အလှက သူ့ကို ညှိ့ငင်ဖမ်းစားထားခဲ့တယ်။ တစ်ညနေစောင်းမှာ မြစ်ကမ်းတစ်လျှောက် Rick လမ်းလျှောက်ထွက်ခဲ့တယ်။ တစ်နေရာအရောက်မှာ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး အိတ်ထဲက ဆေးမထုတ်နိုင်ခင်မှာ မြက်ခင်းပြင်ပေါ် သူလဲကျသွားခဲ့တယ်။ အဲဒီအချိန်မှာ မြစ်ကမ်းနဖူးပေါ် ငါးမျှားနေတဲ့ဒယ်ဘီက မူးလဲသွားတဲ့ Rickကိုမြင်ပြီး ဆေးရုံကိုဖုန်းဆက် အချိန်မီကယ်တင်နိုင်ခဲ့တယ်။

ရောဂါသက်သာလာတဲ့ Rickက သူ့ကိုကယ်ခဲ့တဲ့ ဒယ်ဘီလက်ကို ကိုင်ပြီး ကျေးဇူးတင်စကားပြောတယ်။

"လူလေး... မင်းကို ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိဘူးကွာ။ တကယ်လို့ မင်းငွေလိုရင် မင်းကိုငါ ငွေတွေအများကြီးပေးနိုင်တယ်"

Rickအပြောကို ဒယ်ဘီခေါင်းခါပြီး "တကယ်လို့ အကူအညီလိုအပ်တဲ့ လူ(၁ဝ)ယောက်ကို အန်ကယ်ကူညီနိုင်ရင် ကျွန်တော့်ကိုကျေးဇူးဆပ်ရာ ရောက်ပါတယ်" လို့ ပြောခဲ့တယ်။

"မင်းတကယ် ဘာမှမလိုဘူးလား?" Rick အမေးကို ဒယ်ဘီပြုံးပြီး ခေါင်းခါပြလိုက်ပြန်တယ်။

ထူးဆန်းတဲ့ဒယ်ဘီကြောင့် Rick အံ့သြသွားခဲ့တယ်။ အဲဒီမြို့ကမခွါခင် ဒယ်ဘီကိုကားနဲ့ ကျောင်းအထိလိုက်ပို့ပြီး ဆက်သွယ်ဖို့ အဆက်အသွယ်ကို သူချန်ခဲ့တယ်။ Rickထွက်ခွါခါနီး ဒယ်ဘီက "လူ(၁ဝ)ယောက်ကို တတ်နိုင်သလောက် ကူညီဖို့ မမေ့ပါနဲ့နော်" လို့ ထပ်မှာပြန်တယ်။ Rickတစ်ယောက် ဒယ်ဘီကို သေချာကြည့်နေခဲ့တယ်။ ဒယ်ဘီရဲ့ စိတ်ရင်းစေတနာတွေက သူ့ဆီကူးစက်လာခဲ့တာကြောင့် ဒယ်ဘီကို သူတလေးတစား ခေါင်းညိတ်ပြခဲ့တယ်။

ဒီကာလအတောအတွင်းမှာ Rickဟာ သူ့ဘဝမျှော်လင့်ချက်ကို ပြန်တွေ့ခဲ့တယ်။ ဒယ်ဘီကြောင့် သူ့ဘဝပိုလှပခဲ့တယ်။ ပေးခဲ့တဲ့ဂတိအတိုင်း လူ(၁ဝ)ယောက်ကို စေတနာရှိရှိ သူကူညီခဲ့တယ်။ လူတွေကိုကူညီပြီးတိုင်း သူ့စိတ်တွေ လန်းဆန်းတက်ကြွလာတယ်လို့ သူခံစားမိတယ်။ အထူးသဖြင့် လူတွေဆီကနေ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းကြားရချိန်မှာ သူ့ဘဝ ပိုတန်ဖိုးကိုရှိလာတယ်လို့ သူခံစားမိခဲ့တယ်။ နှစ်ဝက်လောက်ကျန်သေးတဲ့ သူ့ခွင့်ရက်တွေကို ဖျက်သိမ်းပြီး သူအလုပ်ပြန်ဝင်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေက လူတွေကိုကူညီရင်း ပျော်ရွှင်နေတဲ့ ပြောင်းလဲလာခဲ့တဲ့ Rickကိုကြည့်ပြီး အံ့သြခဲ့ကြတယ်။

လူတွေကိုပေးလိုက်တဲ့ အကူအညီ(၁ဝ)ခုက Rickကို ထူးဆန်းမှုတွေနဲ့ ပြောင်းလဲစေခဲ့တယ်။ သူရဲ့စိတ်ကျရောဂါလည်း တဖြေးဖြေး ပျောက်ကင်းလာခဲ့တယ်။ (၂ဝဝ၃)ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့ညမှာ Rickရဲ့ အစီအစဉ်ကိုစလွှင့်ခဲ့တယ်။ Rickတစ်ယောက် ကင်မရာရှေ့မှာရပ်ပြီး တစ်နိုင်ငံလုံးကို သူကြုံတွေ့ခဲ့တာတွေ ပြောပြနေခဲ့တယ်။

"အရင်တုန်းက တခြားလူတွေရဲ့အကြောင်းကို ကျွန်တော်အများကြီးပြောခဲ့တယ်။ ဒီညမှာတော့ ကျွန်တော့်အကြောင်းကို ကျွန်တော်ပြောပါမယ်....... "

Rickဟာ မျက်ရည်အဝဲသားနဲ့ သူလုပ်ခဲ့တဲ့ လုပ်ရပ်ကောင်း(၁ဝ)ခုကို နာရီဝက်အတွင်းမှာ ပြောခဲ့တယ်။ နောက်ဆုံးမှာ Rickဟာ ဆို့နင့်တဲ့အသံနဲ့ "ဒါတွေဟာ တကယ်ဆိုတာ မယုံတဲ့လူတွေလည်းရှိကြမယ်။ ဒါပေမယ့် ကိုယ့်မေတ္တာ၊ စေတနာတွေကို တစ်ဘက်သားအတွက် ပေးဆပ်လိုက်ချိန်မှာ ရလာတဲ့အပျော်တွေက ကျွန်တော်တစ်ကိုယ်လုံးထဲ လှည့်ပတ်စီးဆင်းစေခဲ့တယ်။ လူဆယ်ယောက်ကို ကူညီတာနဲ့ သင့်ဘဝက ထူးဆန်းအံ့သြမှုတွေနဲ့ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပါတယ်" လို့ပြောခဲ့တယ်။

ဒီလိုနဲ့ Rickရဲ့အစီအစဉ်က ဂျာမဏီတစ်နိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့ပြီး လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လူတချို့က Rickဆီဖုန်းဆက်ပြီး လူဆယ်ယောက်ကိုကူညီပြီး လုပ်ရပ်ကောင်းဆယ်ခုကို သူတို့လုပ်ဖို့ သဘောတူကြောင်း ပြောခဲ့တယ်။ တချို့က သူ့အစီအစဉ်မှာ ဒယ်ဘီကိုခေါ်ခဲ့ဖို့ တောင်းဆိုကြတယ်။ စိတ်စေတနာကောင်းတဲ့ ဒယ်ဘီကို သူတို့တွေ့ချင်ခဲ့ကြတယ်။

(၂ဝဝ၄)ခုနှစ် ဇန်နဝါရီလမှာ ဒယ်ဘီကို Rickရဲ့ အစီအစဉ်မှာ ဖိတ်ခေါ်ခဲ့တယ်။ ပရိသတ်တွေက ဒယ်ဘီကို တအံ့တသြနဲ့ "မင်းမှာ ဘာဖြစ်လို့ အဲဒီလိုအတွေးတွေရှိခဲ့တာလဲ"လို့ မေးတော့ ဒယ်ဘီက မျက်နှာနီလေးနဲ့ နုတ်ခမ်းကိုတစ်ချက်ကိုက်ပြီး သူ့အတွေးတွေကို ပြောပြခဲ့တယ်။ ကလေးငယ်တစ်ဦးမှာ မိခင်ကိုချစ်တဲ့စိတ်တွေ ဒီလောက်နက်နဲလိမ့်မယ်လို့ လူတွေမထင်ခဲ့ကြဘူး။ တချို့လူကြီးပိုင်းအရွယ်တွေက တစ်နေ့ကုန်တစ်နေ့ခမ်း အလုပ်တွေရှုပ်ပြီး ကိုယ့်မိခင်ကို မေ့ထားတတ်ကြတယ်။ ဒယ်ဘီရဲ့အတွေးတွေက လူတွေရဲ့အနူးညံ့ဆုံး၊ အပျော့ပျောင်းဆုံး စိတ်တစ်နေရာကို ကိုင်လှုပ်နိုင်ခဲ့လို့ ပရိသတ်အများရဲ့မျက်လုံးမှာ မျက်ရည်တွေ ဝေသီခဲ့ရတယ်။

Rickက ပိန်လှီလှတဲ့ ဒယ်ဘီရဲ့ခန္ဓာကိုယ်ကို တင်းတင်းပွေ့ဖက်ပြီး "မင်းအမေတော့ မင်းကိုအရမ်းချစ်မှာပဲ၊ မင်းအမေကို မင်းတစ်နေ့တွေ့မှာပါ" လို့ အားပေးစကားဆိုခဲ့တယ်။

ဂျာမဏီနိုင်ငံတစ်ခုလုံးကို "လုပ်ရပ်ကောင်း(၁ဝ)ခု"ဆိုတဲ့လှိုင်းတစ်ခု ရိုက်ခတ်သွားခဲ့တယ်။ အရင်က ခက်ထန်တဲ့လူတချို့ရဲ့ မျက်နှာပေါ်မှာတောင် နွေးထွေးတဲ့အပြုံးတွေ တွေ့မြင်ကြပြီဖြစ်တယ်။ လူတွေက သူတို့ကူညီခဲ့တဲ့လူတွေမှာ ဒယ်ဘီမိခင်ပါဝင်ဖို့ မျှော်လင့်ခဲ့ကြတယ်။

ဒယ်ဘီရဲ့ရုပ်ပုံနဲ့အသံကို ဂျာမဏီနိုင်ငံရဲ့ လမ်းတိုင်းမှာတွေ့မြင်ရတယ်။ ဒယ်ဘီရဲ့ပုံပြင်ကို လူတိုင်းပြောစမှတ်ပြုခဲ့ကြတယ်။ တီဗီလိုင်းတွေကလည်း ဒယ်ဘီမိခင်ရှာပုံတော်မှာ ကူညီခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမိခင်က လူထင်ထွက်မပြခဲ့ပါဘူး။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလမှာ စိတ်ရင်းစေတနာကောင်းတဲ့ ဒယ်ဘီအပေါ် အကြောင်းမလှတဲ့ ကံတရားတစ်ခု ကျရောက်ခဲ့တယ်။ ဒယ်ဘီနေတဲ့ကျောင်းက ကျောင်းသားအများဟာ ဆင်းရဲတဲ့မိသားစု၊ ပတ်ဝန်းကျင်က ကြီးပြင်းလာသူတွေဖြစ်တယ်။ တချို့ကလေးတွေဟာ ငယ်ငယ်လေးကတည်းက ဒုစရိုက်အဖွဲ့တွေထဲ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဒယ်ဘီကိုလူသိများလာပြီးနောက် ဒယ်ဘီမှာ ငွေကြေးတွေရှိလာနိုင်တယ်လို့ ထင်ပြီး ဒယ်ဘီကို သူတို့ရဲ့ပစ်မှတ်အဖြစ်ထားခဲ့တယ်။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေကျောင်းဆင်းချိန် အပြန်လမ်းမှာ ဒယ်ဘီကို ကျောင်းသားဆိုးတချို့ ဝိုင်းလုယှက်ခဲ့ကြတယ်။ ဒယ်ဘီကိုယ်ပေါ်မှာ သူတို့လိုချင်တဲ့ ငွေကိုမတွေ့တော့ ဒေါသကြီးတဲ့ လူငယ်တွေက ဒယ်ဘီကို ဓားနဲ့ထိုးခဲ့ကြတယ်။

ဒယ်ဘီရဲ့ဗိုက်နဲ့ နှလုံးအိမ်မှာ ဓားထိုးတွင်းခံရပြီး အကြီးအကျယ်ဒဏ်ရာရခဲ့တယ်။ သွေးအိုင်ထဲမှာ ၂နာရီကျော် လဲလျောင်းနေခဲ့ရတဲ့ ဒယ်ဘီကို ကင်းလှည့်ယာဉ်တွေ့မှ ဆေးရုံကိုပို့ခဲ့ရတယ်။ မေ့မြောနေတဲ့ ဒယ်ဘီဆီကနေ "မေမေ... မေမေ..."ဆိုတဲ့ ညည်းသံကို လူတွေကြားခဲ့ရတယ်။

တီဗီလိုင်းတွေက ဒယ်ဘီရဲ့အခြေအနေကို ၂၄နာရီလုံး ထုတ်လွှင့်ခဲ့တယ်။ ဒယ်ဘီကို ဂရုစိုက်စိုးရိမ်ကြသူတွေက ဒယ်ဘီကျန်းမာဖို့ ဆုတောင်းကြတယ်။ တက္ကသိုလ်ကျောင်းသားတွေစုပြီး အလက်ဆန္ဒားရင်ပြင်မှာ လက်ချင်းချိတ်ပြီး အသဲပုံပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ပါးစပ်မှာလည်း "မေမေ... မေမေ..." လို့ ရွတ်အော်ခဲ့ကြတယ်။ သူတို့ရဲ့ရွတ်အော်သံကိုကြားတဲ့ လူတွေက မျက်ရည်အဝဲသားနဲ့ ဒီ"အသဲပုံ" ထဲပါဝင်လာကြတယ်။ နောက်ဆုံးမှာ လူတွေတဖြေးဖြေး များပြားလာခဲ့ပြီး အသဲပုံလည်း တဖြေးဖြေးကြီးမားလာခဲ့တယ်။

လူတွေကို ပိုထိခိုက်ဝမ်းနည်းစေခဲ့တာက ဒယ်ဘီဓားထိုးခံရပြီး နာရီပိုင်းနောက်မှာ အမျိုးသမီးရာပေါင်းများစွာက တီဗီလိုင်းဆီ ဖုန်းဆက်ပြီး သူတို့ဟာ ဒယ်ဘီရဲ့မိခင်အဖြစ် သရုပ်ဆောင်ဖို့ သဘောတူကြောင်းပြောခဲ့တယ်။ Rita က Munichတက္ကသိုလ်က ကျောင်းဆရာမတစ်ဦးဖြစ်တယ်။ ရီတာက ဆို့ဆို့နင့်နင့်နဲ့ "ဒယ်ဘီဆိုတဲ့ လူလိမ္မာလေးရဲ့ မိခင်လုပ်ရမှာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူမိပါတယ်"လို့ဆိုတယ်။

အသက်(၃၅)နှစ်ရှိတဲ့ Talinaက ဖုန်းအကြိမ်ကြိမ်ဆက်ပြီး "ကျွန်မက မိခင်မဲ့ကလေးတစ်ဦးပါ။ အမေရဲ့မေတ္တာကို ငယ်ငယ်လေးကတည်းက ကျွန်မတောင့်တခဲ့ပါတယ်။ ဒါကြောင့် ဒယ်ဘီရဲ့ခံစားချက်ကို ကျွန်မနားလည်နိုင်ပါတယ်" လို့ဆိုခဲ့တယ်။

Koblenzမြို့က Judyဆိုတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့နှစ်တွေမှာ သူ့သားလေးပျောက်ဆုံးခဲ့ရပြီး သားလေးကိုရှာဖွေနေဆဲသူက "ကျွန်မသားလေးသာ ဒယ်ဘီလိုမျိုး အမေကိုလွမ်းဆွတ်နေခဲ့ရင် ကျွန်မအရမ်းပျော်မိမှာပဲ၊ ဒယ်ဘီရဲ့မိခင်ဖြစ်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒယ်ဘီကို မိခင်မေတ္တာအစစ်အမှန်နဲ့ ကျွန်မတစ်သက်လုံးချစ်ပါ့မယ်" လို့ဆိုတယ်။

ထောင်သောင်းမကတဲ့ ဖုန်းတွေမှာ မိခင်အများက သူတို့ရဲ့စစ်မှန်တဲ့အတွင်းစိတ်နဲ့ "ဒယ်ဘီရဲ့မိခင်"လုပ်နိုင်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမှာ မိခင်တစ်ဦးပဲရှိနိုင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးကိုပဲရွေးပြီး ဒယ်ဘီရဲ့မိခင်အဖြစ် ဒယ်ဘီကိုပြုစုစောင့်ရှောက်စေခဲ့တယ်။ အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့် လူအများစိစစ်ဆွေးနွေးပြီးနောက် ဒယ်ဘီနဲ့တစ်မြို့ထဲနေတဲ့ Judyကို ဒယ်ဘီရဲ့မိခင်အဖြစ် သဘောတူလိုက်ကြတယ်။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မနက်ပိုင်းမှာ မေ့မြောနေရာက ဒယ်ဘီနိုးလာခဲ့တယ်။ မျက်လုံးကိုဖွင့်လိုက်တာနဲ့ Lily ပန်းတစ်စည်းကိုင်ထားတဲ့ Judyကို ကုတင်ဘေးမှာ ရပ်နေတာတွေ့လိုက်တယ်။ Judyက ဒယ်ဘီရဲ့လက်ကိုကိုင်ပြီး "ဒယ်ဘီ... မေမေ.. မေမေဒီမှာပါ" လို့ဆိုတယ်။ နေရောင်ခြည်ကို တွေ့သလိုမျိုး ဒယ်ဘီမျက်လုံးတွေ အရောင်လက်လာခဲ့တယ်။ အံ့သြသွားတဲ့ပုံစံနဲ့ "တကယ်ပဲ ကျွန်တော်ရဲ့အမေလားဟင်!" လို့မေးတယ်။

မျက်ရည်စက်လက်နဲ့ Judyခေါင်းညိတ်ပြလိုက်တယ်။ အခန်းထဲမှာရှိတဲ့လူတွေကလည်း ဒယ်ဘီကို ဟုတ်မှန်ကြောင်း အပြုံးနဲ့ခေါင်းညိတ်ပြကြတယ်။ မျက်ရည်စီးကြောင်းနှစ်ကြောင်းက ဒယ်ဘီပါးပြင်ပေါ် စီးကျလာခဲ့တယ်။

"မေမေ... သားရှာနေတာကြာလှပြီမေမေ.. သားကို ထပ်ခွဲမသွားပါနဲ့နော် မေမေ.. ထပ်ခွဲမသွားပါနဲ့တော့"

"စိတ်ချပါသားရယ်.. သားကို မေမေ ဘယ်တော့မှ ခွဲမသွားတော့ပါဘူး"

Judy ခေါင်းညိတ်ပြရင်း ရှိုက်ကြီးတငင်နဲ့ပြောတယ်။ ဒယ်ဘီရဲ့ဖြူရော်နေတဲ့မျက်နှာမှာ အပြုံးတွေ ဖူးပွင့်သွားခဲ့တယ်။ စကားတွေအများကြီး သူထပ်ပြောချင်ပေမယ့် သူမှာပြောဖို့ အင်အားမရှိခဲ့ဘူး။

အဲဒီနေ့က ဒယ်ဘီရဲ့ လူ့ဘဝနောက်ဆုံးနေ့ဖြစ်တယ်။ Judyရဲ့လက်ကို လွတ်ထွက်သွားမှာစိုးတဲ့အလား သူတင်းတင်းဆုပ်ကိုင်ထားမိတယ်။ အမေ့မျက်နှာကိုကြည့်ဖို့ သူမျက်လုံးတွေ တစ်ချက်မှမမှိတ်ခဲ့ဘူး။ အခန်းထဲမှာရှိတဲ့ လူတွေရဲ့ပါးပြင်မှာ မျက်ရည်တွေ မခြောက်ခမ်းခဲ့ဘူး။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်၂နာရီမှာ ဒယ်ဘီတစ်ယောက် မျက်လုံးစုံမှိတ်ပြီး လူ့ဘဝထဲကနေ ထာဝရထွက်ခွါသွားခဲ့ပါတယ်။ ဒါပေမယ့် Judy လက်ကို သူတင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ.....


အင်တာနက်ပေါ်က "အချစ်"



(၁)
ချစ်သူသေဆုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူက မေ့မရနိုင်တဲ့ အမှတ်တရတွေနဲ့ ချစ်သူကို ဆက်ပြီးချစ်နေသတဲ့...

ဒါကြောင့်... အချစ်အတွက် အသက်ပေးရတာကို "အချစ်"လို့ မထင်လိုက်နဲ့...

တကယ်ချစ်ရင် ချစ်သူအတွက် အသက်ရှင်ပါ။ အိုမင်းတဲ့အထိ အသက်ရှင်ပါ....

(၂)
ကိုယ့်ကို သူ မချစ်တော့တဲ့အခါ၊ ခွဲသွားတော့မယ့်အခါ သူ့ကိုချစ်သေးလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ကိုယ်လည်းသူ့ကို မချစ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုသနားပြီး သူ့ကို မခွဲနိုင်မဖြစ်ပါနဲ့....

တကယ်လို့ သူ့ကို ကိုယ်ချစ်သေးတယ်ဆိုရင် သူပျော်ရွှင်တာကိုပဲ ကိုယ်မြင်ချင်ခဲ့တယ်။ သူပျော်ရွှင်ဖို့ သူချစ်တဲ့သူနဲ့ အတူနေခွင့်ပေးလိုက်ပါ
သူထွက်သွားဖို့ မတားပါနဲ့....

သူပျော်ရွှင်ဖို့ ကိုယ်တားခဲ့မိရင် သူ့ကို ကိုယ်တကယ်မချစ်တော့လို့ပါပဲ။ သူ့ကို တကယ်မချစ်တော့ဘူးဆိုမှတော့ သူ နောက်တစ်ယောက်ပြောင်းတာကို ကိုယ်ဘာလို့ ငြိုငြင်နေဦးမလဲ?

(၃)
ချစ်သူတွေ လမ်းခွဲပြီးနောက် သူငယ်ချင်းဆက် မဖြစ်နိုင်တော့ဘူး။ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရခဲ့စေလို့....

ချစ်သူတွေ လမ်းခွဲပြီးနောက် ရန်သူလည်း မဖြစ်နိုင်ဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ဖူးလို့....

ချစ်သူတွေ လမ်းခွဲပြီးနောက် အရင်းနှီးဆုံး သူစိမ်းတွေပဲ ဖြစ်ခဲ့ကြတယ်။

(၄)
ကိုယ်ချစ်တဲ့မိန်းကလေးကို မင်္ဂလာဝတ်စုံ ဝတ်မပေးနိုင်ရင် ကျေးဇူးပြုပြီး သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတဲ့ ရှင်လက်တွေ ရပ်လိုက်ပါ။

(၅)
ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်အတွက် "သူ့ကိုဘာကြောင့်ချစ်ရတယ်"ဆိုတဲ့ အကြောင်းပြချက်တွေ မလိုဘူး။

ကိုယ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ကိုယ့်ဘေးမှာ သူရှိစေချင်ခဲ့တယ်။

တကယ်အချစ်ဆိုတာ အခက်အခဲကြုံချိန် လက်တွဲမဖြုတ်ခဲ့ဘဲ၊ တောင်းဆိုမှုတွေ မများဘဲ အချင်းချင်း ပေးဆပ်နေတာပဲဖြစ်တယ်။

(၆)
ကမ္ဘာပေါ်မှာ ထက်မြက်တဲ့ယောက်ျား၊ လှပတဲ့မိန်းကလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်နဲ့သင့်တော်တာ တစ်ယောက်ပဲရှိတယ်။

သူတစ်ပါးရဲ့အမြင် အပြောကြောင့် ကိုယ့်အချစ်ကို မပြောင်းလဲလိုက်ပါနဲ့။ သူတစ်ပါးရဲ့အမြင်ထဲမှာ ရှင်သန်ပြီး ကိုယ့်ကိုမပျောက်ဆုံးစေနဲ့
နောက်ပြီး လောဘမကြီးပါနဲ့....

(၇)
တကယ်လို့ လူတစ်ယောက်က ကိုယ့်ကို "ချစ်တယ်" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။

တကယ်လို့ ကိုယ့်ကို "မချစ်တော့ဘူး" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။

ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက် ကိုယ့်အနားက ခွဲထွက်သွားတာကို ကံကောင်းခြင်းတစ်မျိုးလို့ မှတ်ယူလိုက်ပါ....

(၈)
လူတစ်ယောက်ကိုချစ်တယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ သူ့ကိုချစ်ကြောင်း ဖွင့်ပြောပါ။

အဖြေမရခဲ့လည်း အနည်းဆုံးတော့ ကိုယ်ကြိုးစားခဲ့ဖူးလို့ နောင်တဆိုတာ ရှိမှာမဟုတ်ဘူး...

ယောက်ျားမိန်းမတို့ရဲ့ ကမ္ဘာ့မြေပုံ


မိန်းကလေး

၁၈နှစ်က ၂၀နှစ်ထိ မိန်းကလေးတွေဟာ အာဖရိကနဲ့တူတယ်။
တချို့ တဝက်ဖွံ့ဖြိုးပြီး တချို့က တောရိုင်းမြေဖြစ်တယ်။ သဘာဝတွေနဲ့ ပြည့်နှက်နေချိန်ဖြစ်တယ်။

၂ဝနှစ်က ၃ဝနှစ်ထိ မိန်းကလေးတွေဟာ အမေရိကားနဲ့တူတယ်။
လူတွေကို အာရုံစိုက်စေတယ်။ ဆွဲဆောင်စေတယ်။

၃ဝနှစ်က ၃၅နှစ်ထိ မိန်းကလေးတွေဟာ အိန္ဒိယနိုင်ငံနဲ့တူတယ်။
စိတ်အားထက်သန်ပေမယ့် ပျင်းရိတယ်။

၃၅နှစ်က ၄ဝနှစ်ထိ မိန်းကလေးတွေဟာ ပြင်သစ်နိုင်ငံနဲ့တူတယ်။
အသက်အရွယ် အတွေ့အကြုံတွေနဲ့ ရင့်ကျက်တည်ငြိမ်တယ်။

၄၀နှစ်က ၅ဝနှစ်ထိ မိန်းကလေးတွေဟာ ယူဂိုစလားဗီးယားနဲ့တူတယ်။
အတိတ်အတွက် ပေးဆပ်ခြင်း ကာလအပိုင်းအခြားမှာရှိတယ်။

၅ဝနှစ်က ၆ဝနှစ်ထိ မိန်းကလေးတွေဟာ Siberia နိုင်ငံနဲ့တူတယ်။
အိုမင်းပြီး ခြောက်ကပ်တယ်။

၆ဝနှစ်က ၇ဝနှစ်ထိ မိန်းကလေးတွေဟာ မွန်ဂိုရီးယားနဲ့တူတယ်။
ဂန္တဝင်မြောက်သမိုင်းတွေသာ ကျန်ရစ်တယ်။

၇ဝနှစ်အထက် မိန်းကလေးတွေဟာ အာဖဂန်နစ္စတန်နဲ့တူတယ်။
သွားရောက်လည်ပတ်သူတွေ မရှိတော့ဘူး။

ယောက်ျားလေး

၂ဝနှစ်မတိုင်ခင် ယောက်ျားလေးတွေဟာ ဂွန်ဂို (Congo)နဲ့တူတယ်။
အကန့်အသတ်မရှိတဲ့ စွမ်းရည်တွေနဲ့ အရာရာမှာ တက်ကြွတယ်။

၂ဝနှစ်က ၃ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အမေရိကနဲ့တူတယ်။
သဘာဝသံယဇာတတွေ ပေါများပေမယ့် မဖွံ့ဖြိုး မတိုးတက်ဘူး။

၃ဝနှစ်က ၄ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အာဖရိကနဲ့တူတယ်။
ဖွံ့ဖြိုးတိုးတက်လာပေမယ့် ပြည်တွင်းစစ်က မပြတ်ဘူး။

၎ဝနှစ်က ၅ဝနှစ်ထိ ယောက်ျားလေးတွေဟာ အင်္ဂလန်နဲ့တူတယ်။
အတွေ့အကြုံများပြီး လန်းဆန်းမှုနည်းလာတယ်။ တဖြေးဖြေး ယုတ်လျော့လာတယ်။

၅ဝနှစ်က ၆ဝနှစ်ထိ ယောက်ျားလေးတွေဟာ မြောက်ဥရောပနဲ့တူတယ်။
တက်ကြွမှုတွေ တဖြေးဖြေးကျဆင်းပြီး တချို့နေရာတွေဟာ အေးစက်တဲ့အပိုင်းကို ရောက်နေပါပြီ။

၇ဝနှစ်အထက် ယောက်ျားလေးတွေဟာ အီရတ်နဲ့တူတယ်။
စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။

သဘောထားပြည့်ဝတယ်ဆိုတာ..


ဒေါနှင့်မောနှင့် ကျောင်းကပြန်လာသော သားကိုတွေ့သော် ဖခင်ကမေးသည်။

“သား....ဘာဖြစ်လာတာလဲ”

“သားကို မခံနိုင်အောင် ၀ိုင်းစကြလို့”

“ဘယ်လိုစလိုက်လို့ ဒီလောက် ဒေါသထွက်နေရတာလဲ”

“သားကို...ဂျပုတဲ့..ဖက်တီးပုတ်တဲ့... မျိုးမစစ်တဲ့.. သား ဒေါသဖြစ်မိတယ်.. ဒါပေမယ့် သူတို့နဲ့ ရန်မဖြစ်ခဲ့ပါဘူး......သား သဘောထားပြည့်ဝပါတယ်”

“သား....သဘောထား တကယ်ပြည့်ဝရဲ့လား”

ဖခင်က ပြောပြောဆိုဆို ဇလုံတစ်လုံးကိုယူ သားလက်ကိုဆွဲပြီး ပင်လယ်ဖက်သို့ ထွက်လာခဲ့သည်။ ကမ်းခြေရောက်သော် ဇလုံကိုရေအပြည့် ဖြည့်ပြီး သားရှေ့တွင် ဇလုံထဲသို့ ကျောက်ခဲတစ်လုံး ပစ်ထည့်လိုက်သည်။ ထိုအခါ ဇလုံထဲရှိရေများက အပြင်သို့ ဖိတ်စင်ကျလာသည်။ တဖန် ဖခင်က အတန်ငယ်ကြီးသော ကျောက်ခဲတစ်တုံးကိုယူပြီး ပင်လယ်ထဲသို့ ပစ်ထည့်လိုက်သည်။ ပင်လယ်ရေပြင်မှာ လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်လာပြီး တခဏအတွင်း ငြိမ်သက်သွားခဲ့ပြန်သည်။ ထိုနောက် ဖခင်က သားဖက်သို့လှည့်ပြီး “သား..စိတ်သဘောထား တကယ်ပြည့်ဝသလား! တခြားလူက သားစိတ်ထဲ ကျောက်ခဲသေးသေးလေးတစ်လုံး ပစ်ထည့်လိုက်တာနဲ့ ဘာဖြစ်လို့ ဇလုံထဲက ရေလို အပြင်ကို လျှံကျလာရတာလဲ”ဟု ပြောလိုက်လေသည်။

လေ လာပြီ
ဝါးပင်တွေ လေတိုက်ခံရလို့ ယိုင်ကုန်ကြတယ်
လေ ငြိမ်ပြီ
ဝါးပင်တွေ ပြန်ထောင်မတ်လာကြတယ်။

တိမ် လာပြီ
ကြည်လင်တဲ့ ကန်ရေပြင်ကို တိမ်ဖုံးသွားတယ်
တိမ် ပြယ်ပြီ
ကန်ရေပြင်ဟာ ကြည်လင်လို့ လာပြန်တယ်။

လေတိုက်ခံရတိုင်း ဝါး ပြန်မထောင်မတ်နိုင်တော့တာ မဟုတ်ဘူး။
တိမ်ဖုံးခံရတိုင်း ကန်ရေပြင် မကြည်လင်နိုင်တော့တာ မဟုတ်ဘူး။

စိတ်သဘောထား ပြည့်ဝတဲ့လူဆိုတာ....
တခြားလူရဲ့ရိုင်းပြတဲ့ စကားတစ်ခွန်းကြောင့် သူ့စိတ်ကို လှိုင်းမုန်တိုင်းမထန်စေဘူး။
တခြားလူရဲ့ရိုင်းပြတဲ့ အပြုအမှုကြောင့် သူ့စိတ်ကို အမုန်းရန်ညိုးတွေ မဖုံးလွှမ်းသွားစေပါဘူး။

စီးကရက်နံ့


ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ ဒါကို သူမ သိလည်း မသိသလိုနေတတ်တယ်။ တစ်ခါတလေ ကြည့်မရရင်တော့ သူမရဲ့ အဆူကို သူခံရတတ်တယ်။

“ဆေးလိပ်သောက်လို့ ကောင်းလား” မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။

“မကောင်းဘူး။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်ဘူး”

“ကျွန်မနဲ့ဆေးလိပ် ဘယ်အရာကို ရွေးမလဲ”

“နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ်။ ဒါပေမဲ့ မချစ်ဘဲလည်း မနေနိုင်သလို မသောက်ဘဲလည်း မနေနိုင်ဘူး”

သူမနဲ့သိစက သူဒီထက်အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ်။ မိုးလင်းပေါက် အလုပ်လုပ်ရတဲ့ညဆို ဘယ်ပြောကောင်းမလဲ ဆေးလိပ်သောက်ပွဲ ကျင်းပနေလားလို့ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။ သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက် နည်းနည်းလျှော့လာခဲ့တယ်။

ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီးဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ် စွဲကပ်လာတဲ့ဆေးလိပ်နံ့က သူမကို အသိပေးသလိုဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နူးနေတဲ့အချိန်၊ ရိုမန်တစ် ဖြစ်နေတဲ့အချိန်၊ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝမပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော်ကြာတတ်တယ်။

“ဘာလို့ တိတ်ဆိတ်နေရတာလဲ!”

“ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား”

“သောက်.. သောက်.. တယ်” လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကိုတွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။

“တစ်လိပ်ထဲပါ.. မလိမ်ပါဘူး”

“ကျွန်မအတွက် ရှင် အဲဒီတစ်လိပ်လေးဆိုတာကို မဖြတ်ပေးနိုင်ဘူးလား!”

ကြည်နူးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက်ပျက်ပြီပေါ့။

“ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ”

“ကျွန်မက ရှင့်အတွက်ပြောနေတာ။ ဒါကိုရှင်သိလား”

သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ်တစ်ခုကို သူတို့ သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမမြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ ဒါပေမဲ့ နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ဘဲ သူမအလိုကို သူလိုက်လျှောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။

“ကျွန်မကို ဂတိပေးပါ။ နောက်ဆုံး ၃လိပ်သောက်ပြီးရင် လုံးဝမသောက်တော့ဘူးလို့”

သူ စိတ်ထိခိုက်ပြီး ဘာပြောရမှန်း မသိတော့ဘူး။ ချက်ချင်း ဘယ်လိုဖြတ်ရမလဲ..? ဒါပေမဲ့ ချစ်စိတ်ကြောင့် သူမ စိတ်ချမ်းသာအောင် ခေါင်းသွင်သွင် ညိတ်လိုက်မိတယ်။

ဆေးလိပ်ကို ချက်ချင်းဖြတ်လို့ မရမှန်း သူမလည်း သိနေတယ်။ သူ့ရဲ့ မတင်မကျ ဆုံးဖြတ်ချက်ကို သူမ အကောင်အထည်ဖော်ပြီး သူ့ကို ဆေးလိပ်ကူဖြတ်ပေးတယ်။ ဆေးလိပ်ဖြတ် ချိုချဉ်၊ ဆေးလိပ်ဖြတ်ဆေးတွေ သူ့အတွက်ဝယ်လာတယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူး။

“ကျွန်မ ဆေးလိပ်သောက်သင်မယ်။ နောက်ဖြတ်မယ်။ ဖြတ်ပြီး ကျွန်မ ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာ ရှင့်ကို ပြန်ပြောပြမယ်လေ”

“မ အ ပါနဲ့ကွာ.. ဘယ်သူက အဲလိုလုပ်ဖူးလို့လဲ” သူမခေါင်းကို ငြင်သာစွာခေါက်ရင်း သူပြောတယ်။

“အသုံးဝင်မယ် ထင်လို့ပါ”

“ဆေးလိပ်နံ့ခံနိုင်တာလည်း မဟုတ်ဘဲနဲ့ ဇွတ်မလုပ်ချင်ပါနဲ့ကွာ”

“ဒါဆို ရှင်ဘယ်အချိန်မှ လုံးဝဖြတ်လို့ရမှာလဲ”

“အတတ်နိုင်ဆုံး ဖြတ်နေတာပဲ” သူမခေါင်းကို ပွတ်သပ်ရင်း သူဖြေတယ်။

“ရှင့်ကို ကျွန်မအရမ်းချစ်တယ်။ ရှင့်ကို ကျွန်မ မဆုံးရှုံးချင်ဘူး” ပြောရင်း သူမ ငိုတယ်။

“မငိုပါနဲ့... ကွာ”

တစ်ခါက မြို့ထဲ သူတို့ထွက်လည်ကြတော့ လမ်းဘေးက ဓာတ်ပုံရိုက်စက်မှာ သူ့ကိုအတင်းဆွဲပြီး ပုံနှစ်ပုံရိုက်ခဲ့တယ်။ တစ်ပုံကို သူ့ပိုက်ဆံအိတ်ထဲ ကပ်ပေးရင်း....

“ဆေးလိပ်သောက်တဲ့အချိန်တိုင်း ပုံထဲက ကျွန်မကိုကြည့်နော်”

ဒီလိုနဲ့ ဆေးလိပ်ဖြတ်မယ်၊ မဖြတ်ဘူး ဆိုတာနဲ့ပဲ လွန်ဆွဲနေမိတယ်။ လမ်းခွဲစကားကို သူမ စပြောလာတယ်။ ဖုန်းတစ်ဖက်မှာ တစ်ညလုံး တိတ်တဆိတ် သူတို့ ငိုကြွေးခဲ့ကြတယ်။ သူမ အိပ်ရာဝင်မှ သူဖုန်းချပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတယ်။

အလုပ်ထဲမှာပဲ သူ့ဘဝကို နစ်မြုပ်လိုက်တယ်။ ဆေးလိပ်ဖြတ်ဖို့ဆိုတာကို သူ မကြိုးစားတော့ဘူး။ သူနဲ့ လမ်းခွဲပြီးနောက် သူမကတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ဒါပေမဲ့ ဘေးမှာ တစ်ခုခုလိုနေတာကို သူမခံစားမိတယ်။ ဆေးလိပ်သောက်သူတွေ တွေ့တိုင်း၊ ဆေးလိပ်နံ့ ရှုမိတိုင်း သူ့ကိုယ်ပေါ်က၊ သူ့ရင်ခွင်က ဆေးလိပ်နံ့ကို သူမ သတိရနေမိတယ်။ ဆေးလိပ်နံ့က သူမအတွက် သူ့ကို သတိရစေတဲ့အနံ့ ဖြစ်ခဲ့တယ်။

သူမ ဆေးလိပ်စသောက်နေမိပြီ။
ပထမတစ်လိပ် သူ့ကို ပိုသတိရသွားတယ်။
ဒုတိယတစ်လိပ် အငွေ့တွေကို တစ်ခန်းလုံးလွှမ်းအောင် မှုတ်ထုတ်မိတယ်။ တစ်လိပ်ပြီး တစ်လိပ်.... အိပ်ရာခင်းတွေကအစ အရင်က သူမ မနှစ်သက်ခဲ့တဲ့ သူ့အိပ်ရာခင်းလိုဖြစ်အောင် အငွေ့တွေ မှုတ်ထုတ်မိတယ်။ ဆေးလိပ်ငွေ့တွေ ရှုပြီး မူးနောက်လာမှ သူမ အိပ်ပျော်သွားတတ်တယ်။

သူမ ဆေးလိပ် မသောက်ရ မနေနိုင်တော့ဘူး။ အသည်းကွဲလို့ ထွက်ပေါက်ရှာတာလား..? အရွဲ့တိုက်ချင်လို့လား..?သူမ ဘာမှ သေချာမသိတော့ဘူး။ သူမ သိတာက ဆေးလိပ်သောက်ဖို့ပဲ။

နှစ်တစ်နှစ် ကုန်သွားခဲ့တယ်။ မမျှော်လင့်ဘဲ နေရာဟောင်းမှာ သူတို့ပြန်ဆုံကြတယ်။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းလိုပဲ ကမ်းစပ်ဘေးကို သူတို့ရောက်သွားပြန်တယ်။ ရုပ်ကျသွားတဲ့ သူမကိုတွေ့တော့ သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး သူစိတ်မကောင်းဖြစ်မိတယ်။ သူမ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။

“ဆေးလိပ်သောက်တယ်” အံ့သြတဲ့ ပုံစံနဲ့ သူမေးတယ်။
“အင်း.. သောက်ပါဦး”
“တော်ပြီ... ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ”
“အော်.. ဘယ်တုန်းကလဲ” သူဆေးလိပ်ဖြတ်နိုင်တာကို သူမ အံ့သြမိတယ်။

“နှစ်ဝက်လောက်ရှိပြီ။ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကြောင့်”

သူမ နှုတ်ဆိတ်သွားမိတယ်။ လက်ကြားမှာညှပ်ထားတဲ့ ဆေးလိပ်က တုန်ခါနေတယ်။ အရင်က သူဆေးလိပ်ဖြတ်ဖို့ သူမမျှော်လင့်ခဲ့ဖူးတယ်။ အခု သူမကိုယ်တိုင် ဆေးလိပ်စွဲနေတယ်။ ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေက သူမရင်ဝကို လာဆောင့်တယ်။ ဘာဆက်ပြောရမှန်း မသိလို့ လက်ထဲက ကျန်နေတဲ့ဆေးလိပ်ပိုပဲ သူမ ဆက်သောက်နေမိတယ်။

“ဘယ်တုန်းက ဆေးလိပ်စသောက်တာလဲ”

“နှစ်ဝက်ရှိပြီ။ ကျွန်မ သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်”

“သူ့ကို ဆေးလိပ်ဖြတ်စေချင်လို့ လိုက်သောက်တာလား!”

သူမမှာ နောက်ထပ် ကောင်လေးတစ်ယောက်ရှိတယ်အထင်နဲ့ သူမေးလိုက်တယ်။

“မဟုတ်ဘူး။ သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို ကျွန်မ တမ်းတနေမိလို့”

သူတစ်ချက် တွေဝေသွားတယ်။ သူ့ကြောင့်လား..! ပိုက်ဆံအိတ်ကို သူဖွင့်ပြီး အရောင်လွှင့်စပြုနေတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။

“ဒီဓာတ်ပုံထဲက ကောင်မလေးကြောင့် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ။ သူမအနားမှာပဲ ကျွန်တော် ပြန်နေချင်လို့ ဆေးလိပ်ဖြတ်လိုက်တာ”

သူ့ကို သူမ ငေးကြည့်မိတယ်။ မျက်ရည်တွေက ပါးပြင်ထက် လျှောကျလို့လာတယ်။

“ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ ကျွန်တော်ဘယ်လို ဖြတ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်လေ”

သူ့စကားကြောင့် သူမ ပြုံးလိုက်မိပါတယ်။

ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းကို တကယ်သိတတ် နားလည်တတ်ရင် ရယူဖို့ဆိုတာ လွယ်ကူပါတယ်။ လွယ်ကူလွန်းလို့ တစ်ခါတရံမှာ မယုံကြည်နိုင်အောင်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးမိတတ်တယ်။


ဟိုး..အရင်စာရေးစက ဝက်ဆိုက်ဒ်တစ်ခုမှာ ဖတ်မိခဲ့တဲ့စာတစ်ပုဒ်ကို ဘာသာပြန်ရေးခဲ့တာလေးပါ...ကြာခဲ့ပြီဆိုပေမယ့် ခံစားလို့ ကောင်းနေဆဲ...

ကံကောင်းခြင်း ဒဿန




နေ့လယ်ထမင်းစားဆင်းချိန် သားတို့ကျောင်းကဆရာမ ကျွန်မကို ဖုန်းလှမ်းဆက်တယ်။

" 'အံ့အံ့'တစ်ယောက် ဝရန်တာမှာ ဘောလုံးကစားရင်း ဘယ်ဖက်မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်"

ကျွန်မစိုးရိမ်တကြီး ကျောင်းလိုက်သွားပြီး သွေးထွက်နေတဲ့ ဘယ်မျက်လုံးကို လက်နဲ့အုပ်ထားတဲ့ အံ့အံ့ကို ဆေးရုံပို့လိုက်တယ်။

ဆရာဝန်က "တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲထိပြီး မျက်ဆံကိုမထိမိလို့။ ဒါပေမယ့် ၆ချက်ချုပ်လိုက်ရတယ်" ပြောတယ်။

အိမ်ပြန်ရောက်တော့ ဝရန်တာမှာ ဘောလုံးကစားတဲ့ အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။

"ဝရန်တာမှာ ဘောလုံးမဆော့ရဘူးလို့ ဆရာမပြောထားတာ မဟုတ်လား? ဘာလို့ ဆရာမစကား နားမထောင်ရတာလဲ အံ့အံ့"

"သားမဆော့ဘူး မေမေ။ သားအိမ်သာအသွားမှာ 'ဂျယ်ဂျယ်' ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူးဆိုပြီး စိတ်ဆိုးတယ် မေမေ"

နောက်တစ်နေ့ ကျောင်းကို ကျွန်မလိုက်သွားပြီး ဆရာမကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို မျက်မှန်ဖိုး မလျှော်စေဘူးလို့ ကျွန်မပြောမှ ဂျယ်ဂျယ် ခေါင်းငုံ့ပြီး "အဲဒီနေ့က အံ့အံ့ကျွန်တော်တို့နဲ့ ဘောလုံးမကစားခဲ့ပါဘူး" လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန်ကျမှ ဆရာမက "အံ့အံ့က အမြဲလိမ္မာတဲ့ ကလေးတစ်ယောက်ပါ" လို့ လေသံပြောင်းသွားခဲ့တယ်။

ညနေကျောင်းဆင်းချိန်မှာ ခါတိုင်းလိုပဲ အံ့အံ့ကို ကျွန်မသွားကြိုခဲ့တယ်။ အံ့အံ့က ဂျယ်ဂျယ်ကိုတွေ့တော့ ဝမ်းသာအားရ "see you ဂျယ်ဂျယ်" လို့ နှုတ်ဆက်လိုက်တယ်။

"ဂျယ်ဂျယ်ကြောင့် မျက်မှန်ကွဲပြီး ဒဏ်ရာရခဲ့တာတောင် သူ့ကို စိတ်မဆိုးဘူးလား အံ့အံ့" ကျွန်မ တအံ့တသြ မေးလိုက်တယ်။

"မဆိုးပါဘူး မေမေကလဲ... သူတမင်လုပ်တာမှ မဟုတ်တာ" ကလေးငယ်ရဲ့စိတ်က အညှိုးအထေးမရှိ ဖြူစင်လွန်းခဲ့တယ်။

"ဒါပေမယ့် အံ့အံ့သွေးတွေ အများကြီးထွက်ပြီး ဆရာမကတောင် အံ့အံ့ကို မလိမ္မာဘူးလို့ အထင်လွှဲသွားတယ် မဟုတ်လား? ဒဏ်ရာကို ၆ချက်တောင် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်မှန်ဖိုးလည်း အလျှော်မရခဲ့ဘူး" ကျွန်မ မကျေမနပ်ဆိုတော့.....

"ကိစ္စမရှိပါဘူး မေမေ။ နောက်ဆုံးတော့ သားမဆိုးမှန်း ဆရာမသိသွားတာပဲ မဟုတ်လား! ကံကောင်းလို့ မှန်ကွဲစတွေ မျက်လုံးထဲ မဝင်ခဲ့တာ၊ ကံကောင်းလို့ ဘောလုံးကစားတဲ့ ကျောင်းသားတွေ အပြစ်ပေးမခံရတာ"

ဆိုင်ကယ်နောက်မှ ထိုင်နေတဲ့ အံ့အံ့က သူ့ခေါင်းကို ကျွန်မကျောပေါ်ကပ်ပြီး...

"မေမေ.. သိလား? ဂျယ်ဂျယ်မှာ မေမေမရှိတော့ဘူး။ အလုပ်လက်မဲ့ သူ့ဖေဖေက ဂျယ်ဂျယ်ကို အမြဲ ရိုက်နှက်တတ်တယ်။ ကံကောင်းလို့ မေမေသူ့ကို မျက်မှန်မလျှော်ခိုင်းတာ.. သူ့ဖေဖေသာသိရင် သူအရိုက်ခံရမှာ"

ကျွန်မခါးကို အံ့အံ့တင်းတင်းလေး တိုးဖက်လိုက်ပြီး "ကံကောင်းလို့ သားမှာ သားကိုချစ်တဲ့ ဖေဖေမေမေ ရှိသေးတယ်။ အော်.. မေမေ မျက်မှန်ကို သားမုန့်ဖိုးထဲကနေ စုပြီး ဝယ်လိုက်မယ်နော်"

အိမ်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားတဲ့ သားကိုကြည့်ပြီး ကျွန်မ မျက်ရည်ဝဲမိတယ်။

သားရယ်.... သားကို မေမေအားနာလိုက်တာ... သားမလိမ္မာဘူးလို့ ဆရာမအထင်လွှဲမှာကိုပဲ မေမေတွေးခဲ့မိတယ်၊ တခြားသူကြောင့် သား ဒဏ်ရာရ နာကျင်တာကိုပဲ အမေမြင်ခဲ့မိတယ်။ သားရဲ့ "ကံကောင်းလို့" ဆိုတဲ့စကားက ဘယ်အရာကို ကြင်နာခြင်း၊ သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ တန်ဖိုးထားခြင်းလို့ ခေါ်တယ်ဆိုတာ မေမေ့ကို သင်ခန်းစာ ပေးလိုက်သလိုပါပဲ။ ကျေးဇူးတင်ပါတယ် သားရယ်....

ပုံပြင်လေးတွေ ပြောကြမယ်



(၁)
တစ်ခါက ဘုန်းကြီးနှစ်ပါးဟာ တောထဲတရားအားထုတ်ဖို့ သွားပါသတဲ့။ လမ်းခရီးမှာ ချောင်းတစ်ချောင်းတွေ့ပြီး ချောင်းကမ်းစပ်မှာ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့သတဲ့။ ရေက မတိမ်တဲ့အတွက် ချောင်းကူးရင် သူ့အဝတ်အစားတွေ စိုကုန်မှာစိုးလို့ မိန်းကလေးက စိတ်ညစ်နေသတဲ့။ ဘုန်းကြီးတစ်ပါးဟာ မပြောမဆို မိန်းကလေးကို ထမ်းပြီးချောင်းကို ကူးခဲ့တယ်။ တစ်ဖက်ကမ်းရောက်တော့ မိန်းကလေးကိုချပြီး ခရီးဆက်ပြန်သတဲ့။

ခရီးဆက်ပြီး တစ်နာရီ အကြာမှာ နောက်ဘုန်းကြီးတစ်ပါးက မအောင့်နိုင်ဘဲ မေးသတဲ့။

“ဘုန်းကြီးဆိုတာ ဒကာမတွေနဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး။ အခုနားက ကိုယ်တော်ရဲ့အပြုအမူဟာ အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုပဲ”

အမေးခံရတဲ့ ဘုန်းကြီးက ပြန်ဖြေပါတယ်။

“လွန်ခဲ့တဲ့ တစ်နာရီကတည်းက သူ့ကို ကမ်းစပ်မှာ ချပေးခဲ့ပြီးပြီ။ ကိုယ်တော်က ဘာဖြစ်လို့ သူ့ကို အခုထက်ထိ ထမ်းထားရသေးလဲ” တဲ့။


(၂)
နွေဆိုရင် ကန်ရေတွေခမ်းကြတယ်။ တံငါတွေက ရေနည်းရင် ငါး၊ ပုဇွန်တွေဖမ်းရလွယ်လို့ ငါး၊ ပုဇွန်တွေကို ဖမ်းကြတယ်။ ဒါပေမဲ့ ငါးရံ့လေးတွေက တံငါသည်တွေရဲ့လက်ကလွတ်အောင် ကြိုးစားကြတယ်။ နွေဝင်ပြီဆိုတာနဲ့ ငါးရံ့တွေဟာ ရွှံထဲတိုးဝင်ကြတယ်။ ရွှံထဲမှာ ခိုနေကြတယ်။ ငါးဟာရွှံနဲ့ရောနေတော့ တံငါတွေမတွေ့ကြလို့ အသက်ချမ်းသာရာ ရခဲ့ကြတယ်။ မိုးဝင်ပြီဆိုမှ ငါးဟာ ရွှံထဲကနေ ပြန်ထွက်လာတော့တယ်။ သေးငယ်တဲ့ငါးလေးကတောင် သဘာဝကို အမှီပြုပြီး အသက်ရှင်ဖို့ ကြိုးစားတတ်ကြတယ်။ သတ္တ၀ါထဲမှာ အသိဥာဏ်အရှိ ဆုံးဆိုတဲ့ လူတွေကတော့....

တခါတလေ လူ့ဘဝမှာလဲကျလို့ ဒူးပြဲသွားရင် တစ်ယောက်ယောက်လာထူမှ ထတတ်ကြတယ်။ လက်ဝှေ့သမားနဲ့ နဘမ်းသမားတွေက ဘယ်လောက်ပဲ ပစ်လဲကျသွားပါစေ ထူပေးလို့ မရဘူး။ အချိန်(၁ဝ) စက္ကန့်အတွင်းမှာ ရှိသမျှခွန်အားနဲ့ လဲကျရာက ထလာရတယ်။ ထလာနိုင်မှ ပြိုင်ပွဲဆက်ဝင်လို့ ရမယ်။ ထလာမှ အနိုင်ကို ယူလို့ရမယ်။ လဲကျပြီး ပြန်မထလာရင်တော့ အခွင့်အရေးဆိုတာလဲ မရှိနိုင်တော့ဘူးပေါ့။

လဲကျသွားတာ ရှက်စရာ မဟုတ်ဘူး။ လဲကျပြီး ပြန်မထတာကမှ ရှက်စရာကောင်းတယ်။


(၃)
သီလရှင်တစ်ပါးနဲ့ သားသတ်ရောင်းတဲ့ လူတစ်ဦးက အိမ်နီးချင်း မိတ်ဆွေတွေ ဖြစ်ကြတယ်။ သီလရှင်က မနက်တိုင်း စောစောထပြီး ဘုရားစာရွတ် မေတ္တာပို့သလို သားသတ်သူလည်း မနက်စောစောထပြီး သားသတ်လေ့ရှိတယ်။ မနက်တိုင်း စောစောထတာချင်း တူနေတာကြောင့် တစ်ဦးကိုတစ်ဦး အလုပ်အကိုင် မပျက်အောင် တစ်ယောက်မနှိုးရင် တစ်ယောက်ကနှိုးဖို့ တိုင်ပင်ခဲ့ကြတယ်။

အဲဒီလိုနဲ့ နှစ်တွေကြာပြီး နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတယ်။ သီလရှင်က ငရဲပြည်ရောက်ပြီး သားသတ်သူက နတ်ပြည်ဘုံကို ရောက်သွားခဲ့တယ်။

“Why? ဘာဇာကြောင့်လဲ”

သားသတ်သူက မနက်တိုင်း သီလရှင်ကို ဘုရားစာရွတ် ကုသိုလ်လုပ်ဖို့ နှိုးခဲ့တယ်။ သီလရှင်က မနက်တိုင်း သားသတ်သူကို သူတစ်ပါးအသက်သတ်ဖို့ နှိုးခဲ့လို့ပါပဲ။

“ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ကိုယ့်အထင်မှာတော့ မှန်နေတာပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ မမှန်နိုင်ပါဘူး”


(၄)
အုတ်နံရံစီနေတဲ့ ပန်းရံသမားသုံးယောက်ကို လူတစ်ယောက်က “ဘာလုပ်နေသလဲ!” လို့ မေးတယ်။

အမေးခံရတဲ့ ပထမပန်းရံသမားက “ခင်ဗျား မမြင်ဘူးလား. ကျုပ် အုတ်စီနေတာဗျာ” လို့ ဒေါနဲ့ ပြန်ဖြေလိုက်တယ်။

ဒုတိယပန်းရံသမားက “လှပတဲ့ တိုက်တစ်လုံးကို ကျွန်တော်ဆောက်နေပါတယ်” လို့ ပြန်ဖြေတယ်။

လေချွန်ပြီး အလုပ်လုပ်နေတဲ့ တတိယပန်းရံသမားက “လှပတဲ့ မြို့တစ်မြို့ကို ကျွန်တော်တည်နေပါတယ်” လို့ ပြန်ဖြေတယ်။

တူညီတဲ့ အလုပ်တစ်ခု၊ ပင်ပန်းတာချင်း အတူတူ တချို့က ပျော်ရွှင်တဲ့စိတ်နဲ့ ရင်ဆိုင်ကြတယ်။ အရာရာကို အကောင်းမြင်တတ်သူ၊ ပျော်ရွှင်စိတ်ရှိသူက သူတစ်ပါးထက် အမြဲစိတ်ချမ်းသာနေမှာ ဧကန်မလွဲပါပဲ။

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ